Zawgyi
အိမ်ရှေ့တွင်ရပ်ထားသည့် ကားကိုကြည့်ပြီးသွေးသစ်ထင်တစ်ယောက် မျက်မှောင်ကြုတ်လိုက်မိသည်။ထိုကားကသူရင်းနှီးနေကျ ဥဿုံ၏ကားမဟုတ်သလို၊ကိုဘုန်း၏ကားလည်းဟုတ်မနေခဲ့။ဧည့်သည်အလာနည်းသည့်သူတို့အိမ်ကို ခုလိုမျိုးသူမရှိချိန်တွင်ရောက်နေသည့်ဧည့်သည်က ဘယ်လိုအကြောင်းအရာမျိုးကို ယူဆောင်လာသည့်ဧည့်သည်ဖြစ်မလဲဆိုတာ သူခန့်မှန်းလို့မရ။
အိမ်ရှေ့ရှိဖိနပ်ချွတ်သည့်နေရာတွင်ရှိနေသည့် အရည်အသွေးမြင့်လွန်းလှသည့်ဒေါက်ဖိနပ်တစ်ရံကိုမြင်လိုက်မှ ထိုဧည့်သည်ကမိန်းကလေးတစ်ယောက်ဆိုတာ သူသိရသည်။ဧည့်ခန်းတွင်းသို့သူလှမ်းဝင်လိုက်ချိန်တွင် မေမေတို့နှင့်စကားလက်ဆုံကျနေသည့်အမျိုးသမီးငယ်တစ်ယောက် ရှိနေလေသည်။ဧည့်ခန်းထဲတွင် မေမေနှင့်မျက်နှာချင်းဆိုင်တွင်ရှိနေသည့် ထိုအမျိုးသမီးဧည့်သည်၏မျက်နှာက လိမ်းခြယ်ထားသည့်မိတ်ကပ်ခပ်ပါးပါးကပင်မဖုံးကွယ်ထားနိုင်လောက်အောင်ကိုနွမ်းလျနေသည်။ထို့အတူမေမေ့၏မျက်နှာသည်လည်း သိသိသာသာကိုညှိုးနွမ်းနေသည်။
"မေမေ....ကိုသွေးပြန်လာပြီ"
မေမေ့ဘေးမှမွှေး၏အသံကြောင့် မေမေနှင့်ထိုအမျိုးသမီး၏အကြည့်တွေကသူ့ထံသို့ရောက်လာသည်။သူထင်တာမမှားဘူးဆိုလျှင် ထိုဧည့်သည်အမျိုးသမီးသူ့ကိုကြည့်လာသည့်မျက်လုံးတွေထဲတွင် မျှော်လင့်ချက်တစ်ချို့ကိုတွေ့မြင်နေရသလိုပင်။
"သား..လာထိုင်ဦး"
သူ့ကိုလက်ယပ်ခေါ်နေသည့်မေမေ့၏လက်တွေကအနည်းငယ်တုန်ရီနေသလိုပင်။သူ့ကိုခေါ်ယူနေသည့်အသံမှာပင် ဝမ်းနည်းမှုတွေကရောစွက်လျက်။
"ကိုသွေး..ဒီအန်တီက ဥဿုံရဲ့အမေလေ"
မွှေးရဲ့စကားကြောင့်သူအံ့ဩမိသွားသည်။ဥဿုံမှာအမေရှိသေးမှန်းသိပေမယ့် သူတို့တွေတစ်ခါမျှမမြင်ဖူးခဲ့။ပြီးတော့ဥဿုံ၏အမေက နိုင်ငံရပ်ခြားမှာရှိနေသည်မို့သူအခုလိုမျိုးသူ့အိမ်သို့ရောက်လာလိမ့်မည်ဟု တွေးပင်မတွေးမိခဲ့။
DU LIEST GERADE
သွေး/သှေး
Romantik-ဆုတောင်းတွေသာအမှန်ပြည့်မယ်ဆိုရင် ကျွန်တော့်ဘေးနားအကြင်သူရှိနေစေဖို့ကို အပူကပ်မိမှာအမှန်ပဲ။ -ဆုတောင်းတွေသာအမှန်ပြည့်မယ်ဆိုရင် ကျွန်တော့်ဘေးနားအကြင်သူရှိနေစေဖို့ကို အပူကပ်မိမှာအမှန်ပဲ။ >>>>>>>>>>>>>>>>>>>>>>>>>>>> -မိန်းကလေးအဝတ်အစားတွေကိ...