အခန်း(၅)

2.4K 130 1
                                    

Zawgyi

            "ကိုသွေး..."

        သူ့အရှေ့သို့မွှေပြီးသားကော်ဖီခွက်လေးကို ထိုးပေးလာသည့် ဥဿုံ      ၏အပြုံးတွေက မနက်ခင်းနေခြည်နှင့်အပြိုင် နွေးထွေးတောက်ပလျက်။

         တစ်ပါတ်ဟူသည့်အချိန်ကို ဖြတ်ကျော်ပြီးသည့်အချိန်တွင်တော့ သူတို့နှစ်ဦးကြားကဆက်ဆံရေးက ပို၍တိုးတက်လာခဲ့သည်။စတွေ့ကာစက လုံးဝကြည့်မရခဲ့သည့် ဥဿုံ      ၏နားတစ်ဖက်ကအဆင်တန်ဆာနှင့် ဝတ်စားဆင်ယင်ပုံကိုလည်း ယခုအခါမှာတော့ သူအသားကျနေပြီဖြစ်သည်။

        မနက်တိုင်းသူနှင့်အတူ YBS လိုက်စီးပေးတတ်သည့်ထိုကောင်လေးက ရုံးဆင်းချိန်တွင်လည်း အချိန်မှန်ရောက်နေတတ်ပြန်သည်။

    "ကိုဇွဲရန်ငြိမ်းအတွက်လည်း မှာပေးထားတယ်"

           ရှေ့တည့်တည့်ကနေ အကြည့်စူးစူးတွေထုတ်လွှတ်နေသည့် ထိုကောင်လေးကို လျစ်လျူ ရှုကာ ကော်ဖီကိုသာအာရုံစိုက်၍သောက်ရန် ကြံနေသည့် သူ့အကြံက ဥဿုံ      ၏စကားကြောင့် လွင့်စင်သွားရသည်။ပါးစပ်နားရောက်လုနီးပါးဖြစ်နေသည့် ကော်ဖီခွက်ကိုချကာ တအံ့တသြဖြင့်ကြည့်မိတော့ ထိုကောင်ငယ်လေးက အောင်နိုင်သူတစ်ယောက်ပမာ အပြုံးချိုချိုတွေဖြင့်တုံ့ပြန်သည်။

        "ဘာလဲ..အံ့သြသွားတာလား...။ကိုသွေးနောက်ကို တစ်ပါတ်လုံးလိုက်နေတဲ့ ကျွန်တော်က ဒီလောက်ကိစ္စလေးကိုသိတာမဆန်းပါဘူးဗျာ။အာ...ဒါမှမဟုတ် ကိုသွေးက ကျွန်တော့်ကို ကိုသွေးမျက်နှာကိုကြည့်နေရုံကလွဲပြီး ဘာမှမသိတဲ့ခပ်ကြောင်ကြောင်ကောင်လေးလို့ ထင်နေတာတော့မဟုတ်ပါဘူးနော်"

           မျက်ခုံးလေးပင့်ကာ ရယ်မြူးရိပ်သန်းနေသည့်အသံနှင့် ပြောလာသည့်အချိန်မှာတော့ သွေးသစ်ထင်၏ပါးနှစ်ဖက်က ပူတက်လာရသည်။မနက်တိုင်း သူကိုယ်တိုင်သာဆိုင်မထိုင်မိသည့်ရက်မျိုးရှိပေမယ့် ဇွဲရန်အတွက်တော့ ကော်ဖီနှင့်မုန့်တစ်မျိုးမျိုးကို ဝယ်သွားပေးနေကျ ။ဇွဲရန်ကလည်း သူဝယ်ပေးမှသာ သောက်နေကျ ။ထိုသို့သောအဖြစ်မျိုးကို ဥဿုံ      ကသိနေသည်တဲ့လား။ပြီးတော့ ဇွဲရန်သောက်တတ်သည့် ကော်ဖီအမျိုးအစားအထိကိုပါသိနေခဲ့သည်တဲ့လား။

သွေး/သွေးOnde histórias criam vida. Descubra agora