ေသြး

5.1K 183 2
                                    

      Zawgyi

            မိုးနံ႔သင္းသည့္ ေလညႇင္းတစ္ခ်ိဳ႕ကအနီးနားတြင္ကလူၾကည္စယ္ျပဳေနေသာ္လည္း လူကမၿငိမ္းခ်မ္းႏိုင္။တေရြ႕ေရြ႕လြင့္ေမ်ာေနသည့္ မိုးတိမ္ေတြကိုုုၾကည့္ေနသည့္လူ၏စိတ္ဝိၪာဥ္က လြတ္လပ္မႈေပ်ာက္ဆံုးလ်က္.....။

            မိုးေရစက္တို႔တင္က်န္ခဲ့သည့္ ျမက္ခင္းစိမ္းေပၚေထာက္ထားမိသည့္လက္တစ္ဖက္တြင္ရွိေနသည္က ခ်ည္ေႏွာင္ရာတစ္ခု.....။

           "အဟက္...မင္းက ငါ့ကိုခ်ည္ေႏွာင္ဖို႔မႀကိဳးစားေပမယ့္ ငါကေတာ့ခုခ်ိန္ထိၿငိတြယ္ေနမိတုန္းပဲ "

           စီးက်လာသည့္မ်က္ရည္ၾကည္ေတြကို ျမက္ခင္းစိမ္းေပၚက မိုးေရေတြက ဝမ္းသာအားရဆီးႀကိဳ ၾကေလ၏။တလြင့္လြင့္တိုက္လာသည့္ေလႏုေအးေလးက ေျခဆင္းထိုင္ေနသည့္ သူ႔ရဲ႕ပုဆိုးအနားသားေလးေတြကို ကလူၾကည္စယ္ျပဳေနၾက၏။

            ဝင္လုဆဲဆဲျဖစ္ေနသည့္ ေရာင္ဝါေနမင္းကိုၾကည့္ရသည္မွာ အထီးက်န္ဆန္ဖြယ္။

            ေသေသာသူၾကာလွ်င္ေမ့ဆိုေသာစကားက သူ႔အတြက္ေတာ့ႁခြင္းခ်က္။မဆံုႏိုင္ေတာ့တဲ့လမ္းတစ္ခုကို ကံဇာတ္ဆရာအလိုက်ထြက္ခြာသြားခဲ့ရသည့္ ထိုေကာင္ငယ္ေလးက သူ႔ရဲ႕ရင္ထဲမွာေတာ့ အၿမဲတမ္းထာဝရရွင္သန္လ်က္....။ေတာက္ပလ်က္....။
 
          တစ္စတစ္စငံု႔လွ်ိဳးေပ်ာက္ကြယ္သြားသည့္ေနဝန္းငယ္ေလးက ကမ႓ာႀကီး၏တစ္ေထာင့္တစ္ေနရာတြင္ ထိုေကာင္ေလးႏွင့္ေတြ႕ဆံုခြင့္ရႏိုင္ေလမလားလို႔အေတြးဝင္မိေတာ့ မဆီမဆိုင္ထိုေနဝန္းႀကီးကို အားက်မိရျပန္တယ္။

             ထြက္ခြာသြားသည့္လူက အျပံဳးအပ်က္စိတ္ခ်လက္ခ် ထြက္သြားခဲ့ေပမယ့္ က်န္ရစ္ခဲ့သည့္သူ႔မွာသာ ေနာင္တေတြတစ္ေပြ႕တစ္ပိုက္ႏွင့္....။

             ဆုေတာင္းေတြသာ အမွန္တကယ္ျပည့္မယ္ဆိုလွ်င္ အေတာင္းခ်င္ဆံုးဆုက ကၽြန္ေတာ့္ေဘးနားမွာ ထိုေကာင္ငယ္ေလးရွိေနေစဖို႔ပဲ......။
         
>>>>>>>>>>>>>>>>>>>>
Unicode

               မိုးနံ့သင်းသည့် လေညှင်းတစ်ချို့ကအနီးနားတွင်ကလူကြည်စယ်ပြုနေသော်လည်း လူကမငြိမ်းချမ်းနိုင်။တရွေ့ရွေ့လွင့်မျောနေသည့် မိုးတိမ်တွေကိုုကြည့်နေသည့်လူ၏စိတ်ဝိဉာဉ်က လွတ်လပ်မှုပျောက်ဆုံးလျက်.....။

            မိုးရေစက်တို့တင်ကျန်ခဲ့သည့် မြက်ခင်းစိမ်းပေါ်ထောက်ထားမိသည့်လက်တစ်ဖက်တွင်ရှိနေသည်က ချည်နှောင်ရာတစ်ခု.....။

           "အဟက်...မင်းက ငါ့ကိုချည်နှောင်ဖို့မကြိုးစားပေမယ့် ငါကတော့ခုချိန်ထိငြိတွယ်နေမိတုန်းပဲ "

           စီးကျလာသည့်မျက်ရည်ကြည်တွေကို မြက်ခင်းစိမ်းပေါ်က မိုးရေတွေက ဝမ်းသာအားရဆီးကြို ကြလေ၏။တလွင့်လွင့်တိုက်လာသည့်လေနုအေးလေးက ခြေဆင်းထိုင်နေသည့် သူ့ရဲ့ပုဆိုးအနားသားလေးတွေကို ကလူကြည်စယ်ပြုနေကြ၏။

            ဝင်လုဆဲဆဲဖြစ်နေသည့် ရောင်ဝါနေမင်းကိုကြည့်ရသည်မှာ အထီးကျန်ဆန်ဖွယ်။

            သေသောသူကြာလျှင်မေ့ဆိုသောစကားက သူ့အတွက်တော့ခြွင်းချက်။မဆုံနိုင်တော့တဲ့လမ်းတစ်ခုကို ကံဇာတ်ဆရာအလိုကျထွက်ခွာသွားခဲ့ရသည့် ထိုကောင်ငယ်လေးက သူ့ရဲ့ရင်ထဲမှာတော့ အမြဲတမ်းထာဝရရှင်သန်လျက်....။တောက်ပလျက်....။
 
          တစ်စတစ်စငုံ့လျှိုးပျောက်ကွယ်သွားသည့်နေဝန်းငယ်လေးက ကမ္ဘာကြီး၏တစ်ထောင့်တစ်နေရာတွင် ထိုကောင်လေးနှင့်တွေ့ဆုံခွင့်ရနိုင်လေမလားလို့အတွေးဝင်မိတော့ မဆီမဆိုင်ထိုနေဝန်းကြီးကို အားကျမိရပြန်တယ်။

             ထွက်ခွာသွားသည့်လူက အပြုံးအပျက်စိတ်ချလက်ချ ထွက်သွားခဲ့ပေမယ့် ကျန်ရစ်ခဲ့သည့်သူ့မှာသာ နောင်တတွေတစ်ပွေ့တစ်ပိုက်နှင့်....။

             ဆုတောင်းတွေသာ အမှန်တကယ်ပြည့်မယ်ဆိုလျှင် အတောင်းချင်ဆုံးဆုက ကျွန်တော့်ဘေးနားမှာ ထိုကောင်ငယ်လေးရှိနေစေဖို့ပဲ......။
         

ေသြး/သွေးOnde histórias criam vida. Descubra agora