အခန်း(၂၆)/အခန်း(၂၆)

1.5K 86 4
                                    

Zawgyi

        ရွှေသောင်ယံဆိုသည်က ချောင်းသာမှ ၈မိုင်လောက်အကွာတွင်ရှိသောမြို့လေးတစ်မြို့ဖြစ်သည်။သူတို့အဖွဲ့က ဟိုတယ်မှစီစဉ်ပေးသည့်ကားဖြင့်သာ နှစ်စီးခွဲ၍သွားရသည်။ရွှေသောင်ယံသို့သွားသည့်လမ်းက အစပိုင်းတွင်ကွန်ကရစ်လမ်းဖြစ်ပေမယ့် ခရီးတစ်ဝက်လောက်တွင်တော့ ကျောက်ခဲလမ်း၊မြေလမ်းတွေဖြင့်သာခက်ခက်ခဲခဲသွားရသည်။ကွန်ကရစ်လမ်းဆိုသည်ကလည်း ဟိုတယ်တွေရှိသည့်နေရာတွင်သာကျယ်ကျယ်ပြန့်ပြန့်ရှိပေမယ့် သာမန်နေရာတွင်တော့ချိုင့်တွေခွက်တွေနှင့်ပျက်စီးနေ၍ လမ်းဘေးနှုတ်ခမ်းရှိမြေနီလမ်းပေါ်သို့ဆင်းမောင်းရသည့်အချိန်လည်းရှိသည်။

          တစ်လမ်းလုံးဆိုးဝါးသည့်လမ်းကြောင့်ရှုံ့မဲ့လာသည့်သူတို့အဖွဲ့၏မျက်နှာတွေက ရွှေသောင်ယံမြို့သို့ဖြတ်သည့်တံတားပြာလေးသို့ရောက်သည့်အချိန်မှာတော့ ရေထိပန်းလိုလန်းဆန်းသွားကြသည်။ဆေးအပြာရောင်လေးတွေသုတ်ထားသည့်တံတားငယ်လေးမှမြင်ရသည့်ရှုခင်းတွေက လှပလွန်းလှသည်။

       ကြည်စိမ်းနေသည့်ရေပြင်ထက်ဝယ် ပေါ်ထွန်းနေသည့်ရွှေသောင်ယံကမ်းခြေဖြူဖြူကိုတံတားလေးထက်မှမြင်နိုင်သည်။မနေ့ညကရောဂါအပြင်းအထန်ခံစားခဲ့ရသည့် ဥဿုံသည်ပင် ထိုရှုခင်းအလှအပတွေ၏ဆွဲဆောင်မှုဒဏ်ကိုမခံစားနိုင်။ဖုန်းတစ်လုံးဖြင့် လှပစိမ်းစိုနေသည့်ကမ်းခြေကိုနောက်ခံထားကာ တံတားပြာလေးပေါ်တွင် ဓာတ်ပုံအပီအပြင်ရိုက်နေလေသည်။

       ကားနှစ်စီးလုံးရပ်ကာ ဓာတ်ပုံအလုအယက်ရိုက်နေကြသည်က မိနစ်နှစ်ဆယ်ခန့်ကြာသွားသည်။ရွှေသောင်ယံကမ်းခြေ၏ သဲသောင်ကချောင်းသာထက်ကျဉ်းသည်ဆိုပေမယ့် နားအေးပါးအေးလွတ်လွတ်လပ်လပ်နေချင်သူတွေအဖို့တော့ တကယ်ကိုနိဗ္ဗာန်ဘုံပင်။သဲသောင်ပေါ်တွင် ပြန့်ကျဲနေသည့်ခရုခွံလေးတွေကလည်းအစီအရီ။

      "ဖိနပ်စီးထားလေ၊ခြေထောက်တွေအေးတယ်"

      အအေးခံလို့မရသည့်လူမလို့စေတနာနှင့်သတိပေးစကားဆိုမိပေမယ့် ဥဿုံကတော့သူ့ကိုဆူပုပ်ပုပ်ဖြင့်ပြန်ကြည့်လာသည်။

သွေး/သွေးDonde viven las historias. Descúbrelo ahora