အခန်း(၁၂)/အခန်း(၁၂)

1.4K 90 3
                                    

Zawgyi


မျက်စိရှေ့တွင် တွေ့နေရသည့် ကိုဘုန်း၏ရိုးသားမှုပြည့်နေသည့် အပြုံးချိုချိုကို မြင်ရရုံနှင့်ပင် မနေ့ကဇွဲရန်ပြောခဲ့သည့်စကားတွေက သူ့ရဲ့မှတ်ဉာဏ်အတွင်းမှ ဝမ်းသာအားရခုန်ပေါက်ပျောက်ကွယ်သွားကြသည်။

"ကိုဘုန်းက ကောင်းတဲ့လူတစ်ယောက်မဟုတ်ဘူး"

ဇွဲရန်ပြောခဲ့သည့်စကားတွေကို တစ်ချီတည်းနှင့်အနိုင်ယူလိုက်သည်က ယခုသူငေးယူနေရသည့် ကိုဘုန်း၏နူးညံ့ဖြူစင်လွန်းသည့်အပြုံးလေးပင်။သူ့အတွက်မှာထားသည့် ကော်ဖီကို ဇွန်းတစ်ချောင်းဖြင့် စိတ်ရှည်လက်ရှည်မွှေပေးနေသည်က တည်ကြည်မှုတွေ၊နွေးထွေးမှုတွေအပြည့်။ထို့ကြောင့် မနေ့က ဇွဲရန်သူ့မျက်နှာကိုသေချာကြည့်ကာ အလေးအနက်ပြောခဲ့သည့် "ငါမင်းကို ကိုဘုန်းနဲ့အရမ်းရင်းရင်းနှီးနှီးမနေစေချင်ဘူး" ဆိုသည့်စကားကို ကိုဘုန်းကမ်းပေးလာသည့် ကော်ဖီနွေးနွေးလေးဖြင့်ပင် သူ့စိတ်တွင်းမှမျှောချပစ်လိုက်သည်။

အခု ငါ့မျက်စိရှေ့မှာရှိနေတဲ့ ကိုဘုန်းက အရင်ကမင်းသိခဲ့တဲ့ ကိုဘုန်းခန့်ထည်မဟုတ်တော့ဘူး ဇွဲရန်။ငါသူ့ရဲ့ စစ်မှန်မှုတွေကိုခံစားမိနေတယ်။

"သွေး..."

ကြည်လင်နေသည့်အသံလေးက စိမ့်စမ်းရေနှယ် အေးမြမှုကိုလည်းပေးနေပြန်ပါသည်။

"ကိုယ် သွေးကိုအရင်နေ့တွေတည်းက ပေးချင်နေတာ"

စားပွဲပေါ်သို့ တင်ပေးလာသည့် စက္ကူအိတ်လေးကိုကြည့်ပြီး သူ့မှာနားမလည်နိုင်။

"ဘာလဲ ကိုဘုန်း"

"သွေးအတွက်လက်ဆောင်လေ"

ပြုံးစစနှင့်ပြောလာသည့် သူ့အကြည့်တွေကိုရှောင်ဖယ်ကာ ထိုအိတ်ကလေးကို အရှေ့သို့ပြန်ထိုးပေးလိုက်သည်။

"ကျွန်တော် မယူချင်ဘူး၊ကိုဘုန်း"

တိတိပပငြင်းလိုက်သည့်တိုင် ကိုဘုန်းကမျက်နှာတစ်ချက်မပျက်။သူ့မျက်နှာကိုသာပြုံးရိပ်သန်းသည့် မျက်ဝန်းတို့ဖြင့်စိုက်ကြည့်နေလေသည်။ကြာလာတော့ အနေရခက်လာသည်က သွေးသစ်ထင်သာ။

သွေး/သွေးDonde viven las historias. Descúbrelo ahora