Zawgyi
"သွေး...."ခေါ်သံလေးတစ်ခုကြောင့်နှင့် နှလုံးခုန်နှုန်းတွေမြန်လာရသည်ဆိုရင် ယုံနိုင်ကြပါ့မလား။ဒါပေမယ့် မယုံလို့လည်းမရ။အလိုအလျောက်ရပ်တန့်သွားသည့် သူ့ခြေလှမ်းတွေကသက်သေပင်။
"သွေး..."
"ကိုဘုန်း.....ဘယ်ကိုလာတာလဲ"
အနီးကပ်မြင်နေရသည့် ရီဝေဝေမျက်လုံးတစ်စုံကို မသိမသာအကြည့်လွှဲကာမေးမိတော့ သဘောကျဟန်ပြုံးသည်။
"သွေးဆီကိုလာတာလေ"
ရိုးရှင်းသည့်စကားလေးပင်ဖြစ်ပေမယ့် သူ့ရဲ့ဘယ်ဘက်ရင်အုံကတော့ အဆမတန်ခုန်လှုပ်နေပါပြီ။ခင်ဗျားရဲ့ ညှို့နိုင်စွမ်းကြီးက တကယ်ကိုကြောက်စရာကောင်းတာပဲ ကိုဘုန်းရယ်။
"ကိုယ်လာတာ သွေးအတွက်အနှောက်အယှက်ဖြစ်သွားလို့လားဟင်"
"မဟုတ်ပါဘူး.."
ကျောင်းပေါက်ဝမှာမို့ဆူညံနေသည့် ကျောင်းသားအုပ်စု၏ အသံတွေကိုပင်မကြားမိသည်အထိ သူ့ရဲ့အာရုံအစုံက ထိုလူ့ထံမှာပင်စုပြုံနေသည်။
"ဇွဲရန်ကိုရော မတွေ့ပါလား။သူဒီနေ့အတန်းမတက်ဘူးလား"
"ဟုတ်။မနက်ကတော့လာတယ်။နေ့ခင်းကျတော့ ရန်ကုန်ကသူ့အစ်မ အိမ်ပြန်ရောက်လာတယ်ဆိုလို့ ပြန်သွားတာ"
အိမ်ပြန်ချိန်မို့ အတင်းကာရောတိုးနေကြသည့် ကျောင်းသားအုပ်ကြားတွင် သူ့ရဲ့ခန္ဓာကိုယ်လေးက ယိုင်တိုင်တိုင်။ဟိုယိမ်းဒီယိမ်းဖြစ်နေသည့် သူ့ကိုယ်လုံးလေးကိုပခုံးမှထိန်းကိုင်လိုက်သည့် လက်နွေးနွေးတစ်စုံ။
အံ့ဩစိတ်ဖြင့် မရေမရာမော့ကြည့်မိတော့ သူ့မျက်နှာကိုငုံ့မိုးကြည့်နေသည့် ချွေးစို့နေသည့်မျက်နှာချောချောတစ်ခု။နှုတ်ခမ်းတွင်လည်း သူ့ရဲ့မူပိုင်အပြုံးချိုချိုလေးက ချိတ်ဆွဲထားလျက်။
မလုံမလဲစိတ်ဖြင့် အရှေ့တည့်တည့်ကိုအကြည့်ပြန်လွှဲလိုက်မိပေမယ့် သူ့ရဲ့စိတ်တွေကတော့ထိုလူ၏ မျက်နှာချောချောနားတွင်သာဝေ့ဝဲလျက်။ကျောင်းအပြင်ရောက်လို့ လူရှင်းသည့်အချိန်မှ သူ့ပခုံးကိုထိန်းကိုင်ထားသည့် ဘုန်းခန့်ထည်၏လက်တို့က ရုတ်သိမ်းသွားသည်။ထိုအခါမှ တစ်ချိန်လုံးရင်တထိတ်ထိတ်ဖြစ်နေသည့် သွေးသစ်ထင်သည်လည်း အသက်ဝဝရှုနိုင်သည်။သူ့ပခုံးထက်ကနွေးထွေးမှုတစ်ခုကို မချင့်မရဲတမ်းတမိပေမယ့်ပေါ့။
YOU ARE READING
သွေး/သှေး
Romance-ဆုတောင်းတွေသာအမှန်ပြည့်မယ်ဆိုရင် ကျွန်တော့်ဘေးနားအကြင်သူရှိနေစေဖို့ကို အပူကပ်မိမှာအမှန်ပဲ။ -ဆုတောင်းတွေသာအမှန်ပြည့်မယ်ဆိုရင် ကျွန်တော့်ဘေးနားအကြင်သူရှိနေစေဖို့ကို အပူကပ်မိမှာအမှန်ပဲ။ >>>>>>>>>>>>>>>>>>>>>>>>>>>> -မိန်းကလေးအဝတ်အစားတွေကိ...