အခန်း(၂၅)/အခန်း(၂၅)

1.4K 87 1
                                    

Zawgyi

        အိပ်ယာထက်တွင်လဲလျောင်းနေသည့်ဥဿုံ၏အသက်ရှုသံပြင်းပြင်းက သူတို့နှစ်ဦးသာရှိသည့်အခန်းထဲတွင် ပုံမှန်ထက်ကျယ်လောင်စွာကြားနေရသည်။နိမ့်တုံမြင့်တုံဖြစ်နေသည့်ရင်ဘတ်လေးနှင့် ပါးစပ်လေးဟကာအသက်ရှုနေသည့်ထိုကောင်လေးကို သူလုပ်ပေးနိုင်တာဘာမှမရှိ။အဝတ်လေးတစ်ခုနှင့် စို့တက်လာသည့်ချွေးစတွေကိုသုတ်ပေးနေရုံ၊ချောင်းအဆက်မပြတ်ဆိုးနေသည့် ထိုကောင်လေး၏ရင်ဘတ်ကိုခပ်ဖွဖွပွတ်သပ်ပေးနေရုံသာ။

       အချိန်ခဏကြာမှ ဖြေးဖြေးချင်းပွင့်လာသည့်ထိုကောင်လေး၏မျက်လုံးတွေက အရင်အချိန်တွေကထက် သိသိသာသာကိုအရောင်ဖျော့နေလေသည်။မောပန်းနေသည့်ထိုကောင်လေး၏ဖြူဖျော့ဖျော့ပုံစံလေးက သွေးသစ်ထင်ရင်ကိုဓားနဲ့အမွှန်းခံနေရသလို နာကျင်စေသည်။

      "သက်သာလား"

      ဖြည်းဖြည်းလေးခေါင်းညိတ်ပြလာသည့် ဥဿုံ၏ပုံစံကို သွေးသစ်ထင်တစ်ယောက်အားမလိုအားမရဖြစ်နေရသည်။အမြဲတမ်းတက်ကြွနေတတ်သည့်ဥဿုံကို အခုလိုအားလျော့ချိနဲ့သွားစေသည်အထိ ခံစားနေရသည့်ဝေဒနာကပြင်းထန်လွန်းလှသည်။

      ထိုကဲ့သို့အဖြစ်မျိုးကို တစ်နေ့နေ့တစ်ချိန်ချိန်တွင်ဖြစ်လာလိမ့်မည်ဟု ကိုယ့်စိတ်ကိုကိုယ်ကြိုတင်ပြင်ဆင်ထားခဲ့ပေမယ့် ယခုဥဿုံ၏ပုံစံကိုမျက်မြင်ကြုံတွေ့ရချိန်တွင်သူ့စိတ်တွေက ထင်သလောက်ကြံ့ခိုင်မနေခဲ့။လောကကြီး၏အကြောင်းကို အကုန်အစင်တောင်မသိသေးရှာသည့် ဒီငယ်ရွယ်လွန်းသည့်ကောင်လေးအတွက် ကံကြမ္မာကရက်လွန်းသည်ဟုပဲပြောရမလား။ဒီလိုရောဂါမျိုးကို ခံစားနိုင်ဖို့ရာအတွက် ဥဿုံကအရမ်းကိုငယ်လွန်းသေးသည်။

        "ကျွန်တော့်အိတ်ထဲမှာ ဆေးရှိတယ်။"

       တစ်လုံးချင်းခပ်ဖြည်းဖြည်းပြောလာသည့် ဥဿုံ၏အသံကတိုးလျနေတုန်းပင်။သူ ဥဿုံသောက်သောက်နေတတ်သည့်ထိုဆေးတွေနှင့်ပက်သက်ပြီးအမြဲသိချင်နေတာပင်။ဆေးရုံ၊ဆေးခန်းကို လုံးဝမသွားသည့်ဥဿုံက ထိုဆေးတွေကိုဘယ်နေရာမှရသလဲ။ထိုဆေးတွေကသူ့ရောဂါအတွက်ရော သင့်တော်ပါ့မလား။

သွေး/သွေးTahanan ng mga kuwento. Tumuklas ngayon