အခန်း(၁၀)/အခန်း(၁၀)

1.6K 100 5
                                    

Zawgyi

                "ဇွဲရန်....မနေ့က ကိုဘုန်းကဘယ်လိုဖြစ်ပြီးမင်းနဲ့ပါလာတာလဲ။မင်းဖိတ်လိုက်တာလား"

          စိတ်ဝင်စားမှုအရှိန်မြင့်နေမှန်းသိသာစွာ တလက်လက်တောက်နေသည့် မျက်လုံးဝိုင်းလေးတွေနှင့်မေးလာသည့် သွေးသစ်ထင်ကိုကြည့်ပြီးသက်ပြင်းတစ်ချက်ခိုးချမိသည်။

        ကိုးတန်းနှစ်တည်းက အခု တတိယနှစ်ရောက်သည်အထိ ပေါင်းလာခဲ့သည့် သွေးသစ်ထင်အကြောင်းကိုသူအသိဆုံး။အပြင်ပန်းကြည့်လျှင် မာကြောဟန်ထင်ရသည့်သွေးသစ်ထင်၏ အတွင်းစိတ်လေးက အထိခိုက်မခံနိုင်အောင်ကိုပင် နူးညံ့လွန်းသည်။

          အမြဲတမ်းသူ့ရဲ့လိင်စိတ်ခံယူမှုနှင့်ပက်သက်ပြီး စိုးရိမ်ထိတ်လန့်နေတတ်သည့်ကောင်လေးက လူတွေအမြင်မှာ သန်မာဟန်မျက်နှာဖုံးကောင်းကောင်းဖြင့်ဖုံးကွယ်ထားတတ်သည်။သူတစ်ယောက်သည်သာ သွေးသစ်၏ဖြစ်တည်မှုအစုံကို သိရှိခဲ့သူတစ်ဦး။

               ထိုသို့သိခွင့်ရခဲ့သည်ကလည်း သွေးသစ်ဘက်က စတင်အသိပေးခြင်းကြောင့်မဟုတ်။တိုက်ဆိုင်မှု ဆိုသည့်ဖြစ်ရိုးဖြစ်စဉ် အကြောင်းကြောင့်သာသိခွင့်ရခဲ့ခြင်းပင်။

           ကိုးတန်းနှစ် ကျောင်းပြောင်းလာကာစ ကျောင်းသားသစ်ဖြစ်သည့် ကျွန်တော်က ထိုအချိန်ကအပေါင်းအသင်းသိပ်မရှိခဲ့။ထိုကျောင်းတွင် တစ်လမျှကြာပြီးသည့်အချိန်တွင်မှ သူထိုကျောင်းနှင့်အသားကျလာခဲ့သည်။အတန်းဖော်တွေနှင့် လိုက်လျောညီထွေဖြစ်လာခဲ့ပေမယ့် အတန်း၏ Roll 1အမြဲချိတ်သည့် ကောင်လေးနှင့်တော့ ထိုအချိန်ထိ သူစိမ်းပြင်ပြင်။

            ဂရုတစိုက်ရှိသည်မဟုတ်ပေမယ့်လည်း အမြဲလိုလို တခြားလူတွေနှင့် သိသိသာသာကွဲထွက်နေတတ်သည့် ထိုကောင်လေးကိုတော့ သူသတိထားမိခဲ့သည်။မျက်လုံးဝိုင်းဝိုင်း၊နှာတံစင်းစင်းနှင့် နှုတ်ခမ်းနီတွဲတွဲလေးတွေပိုင်ဆိုင်သည့် အပြုံးအရယ်နည်းသည့် သွေးသစ်ထင်ကို တခြားအတန်းဖော်ကောင်လေးတွေပြောသလို အသားလွတ်ကြီးမာနကြီးနေသည်ဟု ထင်ခဲ့မိဖူးသည်။ထိုအချိန်ထိ သူနှင့်သွေးသစ်ထင်က စကားပင်ကောင်းကောင်းမပြောဖူးကြ။

သွေး/သွေးOnde histórias criam vida. Descubra agora