18.1K 1K 32
                                    

[Zawgyi]
”မင်နီ ”

”Daddy ”

သူ့အဖေ အသံကြားလိုက်တာနဲ့ ဘောလုံးနဲ့ ကစားနေရာက ဘောလုံးကို ပစ်ချပြီး အနားရောက်လာတဲ့ အဖေ စီ တန်းသွားသည်။

သားငယ်ကို ပင့်မြှောက်ကာ ရင်ခွင်ထဲ ခဏလေး တင်းတင်းပွေ့ချီပြီး
အောက်ပြန်ချ ပေးလိုက်သည်။
နောက်. မင်နီလေးရဲ့ လက်သေးသေးကို ဆွဲကာ
တစ်ဖက်က ထိုင်ခုံမှာ ထိုင်ပြီး ကြည့်နေတဲ့ အမေ့စီ ခြေလှမ်းလိုက်သည်။

”မအားရင် လာမခေါ်ပါနဲ့ သားရယ်
မြေးလေးကလည်း နေရ အဆင်ပြေနေပါတယ် ”

စားပွဲပေါ်က ရေနွေးကို ဌဲ့ထည့်ပေးရင်း အမေက ပြောလာသည်မို့
သားငယ်ကို ကြည့်ပြီး ဆံပင်လေးတွေ ဖွပေးလိုက်သည်။

”ဒီတစ်ပတ်အားလို့ပါ အမေရဲ့
သားကို အိမ်ပြန်ခေါ်သွားမယ်
နောက်အပတ်မှ တစ်ချက် ပြန်ကြည့်ပေးပါနော် ”

”အိမ်ထောင် ထပ်ပြုဖို့ စိတ်ကူးမရှိဘူးလား ချန်းယောလ်

မင်နီ အတွက် အမေကောင်း သားအတွက် ဇနီးကောင်း တစ်ယောက်လောက်ပေါ့ ”

”တော်ပြီ အမေရေ
အဲ့ကိစ္စထပ်ပြောမယ် ဆိုရင် ပြန်တော့မယ်

မင်နီ, daddy တို့ အိမ်ပြန်ကြမယ် ”

အမေကို ပြောပြီး
ဘေးနားက မုန့်စားနေတဲ့ သားငယ်ကို အိမ်ပြန်ဖို့ ပြောပြီး ပွေ့ချီလိုက်သည်။

”ပြန်တော့မယ် အမေ ”

နောက်ကနေ သက်ပြင်းချနေတဲ့ အမေ့ကို လှည့်မကြည့်တော့ဘဲ သားငယ်ကို ချီပြီး ကားစီသို့သာ...

..

ကားမီးပွိုင့်မိတာမလို့ နောက်ကို လှည့်ကြည့်လိုက်တော့ ကားနောက်ခန်းမှာ မင်နီလေးက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။

တစ်နေကုန် ကစားတာနဲ့ စားတာနဲ့... ခုတော့ အိပ်ပျော်လောက်ပြီပေါ့..

မင်နီကို ကြည့်တော့...

တစ်ချိန်က သူမ ကို သတိရလာသည်။

ခု ဆို ဘာတွေများ လုပ်နေလိမ့်မလဲ...

ဟင်းးး အတိတ်ကို အတိတ်မှာပဲ ထားခဲ့ကြရအောင်
မလိုချင်လို့တောင် သူတို့သားအဖကို ပစ်သွားသေးတာပဲ
ဘာလို့ သူလည်း လွမ်းနေရတော့မှာလဲ...

My Heart Leaps Up {{Completed}}Où les histoires vivent. Découvrez maintenant