5.5K 788 47
                                    

[Zawgyi]
မျက်တောင် ပုတ်ခတ် ပုတ်ခတ်လုပ်ရင်း ဘတ်ဟျွန်း နိုးလာ၏ ။ဆံပင်တွေထဲ လက်ထိုးထည့်ကာ ဖွပြီး ထထိုင်လာလေသည်။
မပွင့်တပွင့် ဖြစ်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်ပေမဲ့ မရင်းနှီးတဲ့ နေရာဆိုတာ သိလိုက်သည်။

”ဘယ်နေရာလဲ ”

အခန်းပတ်လည်ကို လိုက်ကြည့်တော့
မိုးပြာရောင်လေးနဲ့ အလှဆင်​ထားပြီး
သန့်ရှင်း သပ်ရပ်နေတဲ့ အခန်းလေးပဲ
သူ့အိမ်နဲ့ လားလားမှ မဆိုင်နဲ့ အသွင် သဏ္ဍာန်အပြည့်..။

သူ့အိမ်လည်း မဟုတ်သလို ဟော့ အိမ်လည်း မဟုတ်..။
အဲ့ဒါဆို သူအခု ဘယ်ရောက်နေတာလဲ

ထိုအခိုက် အခန်းတံခါး ဖွင့်သံနဲ့အတူ လူတစ်ယောက် ဝင်လာသည်။

”အခုလောက်ဆို နိုးပြီထင်လို့ လာခဲ့တာ
နိုးနေပြီပဲ ”

”ချန်းယောလ်?

ကျွန်တော်က ဘယ်လိုလုပ် ”

”မမှတ်မိဘူးလား
ကိုယ် ခေါ်လာခဲ့တာကို ”

ဘတ်ဟျွန်းက ခေါင်းငုံ့ကာ တွေးနေစဲ
ချန်းယောလ် သူ့ကို ခေါ်လာတာ လုံးလုံး မမှတ်မိဘူး

”ရောင်းစားရင်တောင် သိလိုက်မှာ မဟုတ်ဘူးပဲ
အဲ့တာ မကောင်းဘူးနော် ကောင်လေး
နောက်ကို သောက်တာလေး လျော့  ”

ငုံ့နေတဲ့ ခေါင်းလုံးလုံးလေးကို အသည်းယားလို့ လက်နဲ့ ဖွပြီး ဆုံးမစကားပြောမိတော့

ဘတ်ဟျွန်းက မျက်နှာလေး ရှုံ့ပြီး မော့ကြည့်လာသည်။

”အဖေကြီးကျနေတာပဲ ချန်းယောလ်ရာ ”

”အဲ့ဒါဆို ကိုယ်မင်းကို မွေးစားလိုက်ရမလား ”

”မကြိုက်ပါဘူးဗျာ ”

ဘတ်ဟျွန်းအသံလေးက တိုးတိုးလေး ထွက်လို့လာသည်။

”မျက်နှာထသစ်တော့
ညာဘက် ထောင့်ဆုံးက အခန်း
သွားပွတ်တံ အပြာက အသစ်
သုံးပြီး ထွက်လာခဲ့လိုက်နော်

ကိုယ် မနက်စာ ပြင်ထားတယ် ”

”ဟုတ် ”

အခန်းထဲက မထွက်ခင် ပွရှုပ်နေတဲ့ ဘတ်ဟျွန်းဆံပင်တွေကို ထပ်ဖွသွားသေးတဲ့ ချန်းယောလ်..

My Heart Leaps Up {{Completed}}Onde histórias criam vida. Descubra agora