အောက်ထပ်ကို ဆင်းလာတော့ ထမင်းစားခန်းမှာ အဖေနဲ့ အမေရဲ့ ပြောနေတဲ့ စကားတွေကို ဘတ်ဟျွန်းကြားလိုက်ရသည်။
အကြောင်းအရာက အမေ့ရဲ့ မောင်အငယ်ဆုံး အိမ်ကို ရောက်လာမဲ့ အကြောင်း
အဖေ့မျက်နှာကြီး ရှုံ့မဲ့နေမှာ မြင်ယောင်ပြီး ဘတ်ဟျွန်းရယ်လိုက်မိသေးသည်။အမေနဲ့ ယူထားပေမဲ့ အဖေသည် ဦးလေးနဲ့တော့ မတည့်
ဘတ်ဟျွန်းသိတာက အမေနဲ့ ချိန်းတွေ့တိုင်း ဦးလေးက တစ်နည်းမဟုတ် တစ်နည်း ဝင်ကလန့်သည်တဲ့... ။ဒါတွေကြောင့် အဖေသည် အခုထိကို ဦးငယ်အပေါ် အမြင်မကြည်နိုင်သေး ထင်တယ်။
ဦးငယ်လာမယ်ဆိုတိုင်း အဖေမျက်နှာက မှုန်သိုးပြီး ဧည့်သည်လက်မခံချင်တဲ့ မျက်နှာနဲ့... ။
အိမ်းးး အမေက သူ့မောင်အငယ်ကို အရမ်းချစ်လို့လည်း ပါမယ် ထင်ပါတယ်.. ။ငါးမျှားရတာကို သဘောကျတဲ့ ဦးငယ်က အိမ်မှာမနေဘဲ ဟိုဟိုဒီဒီ လျှောက်ပတ်ပြီး ငါးမျှားတတ်တဲ့ ဝါသနာကလည်း ကြီးသေးတယ်
အခုရော ဘာလာလုပ်ဦးမလဲမသိ...။
ဘတ်ဟျွန်းကိုပါ အမြင်မကြည်နေတဲ့ အဖေ့ကြောင့်
အခု ဦးငယ်ကို မကြည်ဖြူနေတဲ့ အဖေ့ရဲ့ဒေါသတွေပါ သူ့စီကို ဆိုက်ရောက်လာမှာ ကြောက်သည်မလို့ အောက်ဆင်းမဲ့ အတွေးကို ဖျောက်ကာ အခန်းထဲ ပြန်ဝင်လိုက်တော့တယ်...။အသည်းကွဲနေရတဲ့ကြားထဲ အဖေနဲ့ပါ စကားမများချင်ပါ...။
...
လာခဲတဲ့ မောင်ရောက်လာသည်မလို့ အမေက လက်စွမ်းပြတော့တာပဲ...။
ဒီနေ့ နေ့လည်စာကတော့ စားပွဲခုံ ကျိုးကျမတတ်..။အဖေကတော့ မျက်နှာကို မှုန်ကုတ်ထားရင်း ထမင်းစားပွဲထိုင်လာသည်။
အမေက သူ့မောင်ကိုပဲ ဟင်းတွေထည့်ပေးရင်း ဂရုစိုက်နေပြန်တာမလို့ အဖေ့မျက်နှာက မဲနေတော့တာပဲ...။
ဘတ်ဟျွန်းကတော့ ဘယ်သူ့မျက်စိထဲမှာမှ ထင်းမနေအောင် တိတ်တိတ်လေးစားပြီး အပေါ်ပြန်တက်ဖို့က်ိုပဲ ရည်ရွယ်လိုက်တယ်
လူကြီးတွေကြားထဲက မြေစာခဲလေး ဘတ်ဟျွန်းဘဝပါပဲ...။”သွားတော့မယ် အစ်မရေ
တစ်ယောက်ယောက်က ကျွန်တော် လာတာကို မကြိုဆိုချင်မှန်း သိပ်သိသာတာပဲ ”
ESTÁS LEYENDO
My Heart Leaps Up {{Completed}}
Fanficတဖြည်းဖြည်း မင်းကြောင့် ရင်ခုန်တတ်လာပြီ တဖြည်းဖြည်း မင်းကြောင့် ရင်ခုန်တတ်လာပြီ ChanBaek