၁၆

5K 765 32
                                    

”ဖုန်းကိုင်ဖို့ စိတ်ကူးမရှိဘူးလား ”

အသံကျယ်ကျယ်နဲ့ အော်မြည်ပေးပြီး သူ့အလုပ်တာဝန် ထမ်းဆောင်နေတဲ့ ဖုန်းသံကို မသိချင်ယောင်ဆောင်ရတာ ပင်ပန်းတယ်
အဲ့ဒါထက် ပိုပင်ပန်းစေတာက ဖုန်းဆက်တဲ့ လူကြောင့်ပဲ

”တစ်ပတ်တောင် ရှိပြီ မင်းကို ဖုန်းဆက်နေတာများ
နည်းနည်းတော့ ကိုင်ပါလား ”

ဟော့ ပြောနေတာတွေ နားမဝင်ဘဲ ဖုန်းကို ဒီတိုင်း ထိုင်ကြည့်နေမိသည်။
ဆက်ခနဲဆိုပဲ ဟော့က ဖုန်းကို အမြန်ယူလိုက်သည်။အစိမ်းရောင်ဘက်ကို ဆွဲပြီး သူတစ်ပတ်လုံး ကိုင်ဖို့ မရဲဘဲ ကြောက်နေတဲ့ ဖုန်းကို ကိုင်ပစ်လိုက်သည်။
တစ်ခါထဲ စပီကာ ပါ ဖွင့်လိုက်တာကြောင့် တစ်ဖက်က ဘတ်ဟျွန်းလား? လို့ မေးလိုက်တဲ့ ချန်းယောလ်ရဲ့ အသံကို ကြားလ်ိုက်ရသည်။

အသံလေး ကြားလိုက်ရုံနဲ့ တင် ကျွန်တော့်ရင်တွေ အခုန်မြန်လာတယ် ချန်းယောလ်ရယ် 

ဖုန်းကိုင်မယ်လို့ ထင်မထားတာကြောင့် တူပါရဲ့ ဖုန်းကိုင်လိုက်ချင်း ခေါ်လိုက်တဲ့ ချန်းယောလ် အသံက အလျင်စလို နိုင်နေသည်။

ချန်းယောလ် အသံပဲကြားတာတောင် ရင်ထဲ နေရခက်သည်။ဝမ်းနည်းသည်။
မချစ်ဘူးလို့ ငြင်းခဲ့ရင်လည်း ဘာလို့ ဒီလို လုပ်နေတာလဲ

”အခု ဘယ်မှာ ရှိနေလဲ
ကောင်းကောင်း နေရရဲ့လား ”

ထပ်ပြီး ဂရုစိုက်ပြန်ပြီ... ချန်းယောလ်က

”ဘတ်ဟျွန်း ”

ပါးပြင်ဖြူဖြူလေးထက် မျက်ရည်ကြည်တို့က သူ့သဘောအတိုင်း လိမ့်ဆင်းစပြုလာသည်။

Call End ခလုတ်ကို တုန်ယင်နေတဲ့ လက်နဲ့ နှိပ်ပြီး ချန်းယောလ် ရဲ့ ဂရုစိုက်မှုတွေထဲက ရုန်းထွက်လိုက်တယ်...

”ငါ တောင်းပန်ပါတယ် ”

”ရတယ်... နောက်တစ်ခါတော့ အဲ့လိုထပ်မလုပ်နဲ့ ”
ဖုန်းကို ဘောင်းဘီအိတ်ထဲ ထည့်လိုက်ပြီး အခန်းထဲ ပြန်ဝင်လာလိုက်သည်။

ချစ်လွန်းတော့ နာကျင်ရတယ် ချန်းယောလ်ရဲ့
ကျွန်တော် ချန်းယောလ်ကို တွေ့ဖို့ အဆင်မပြေသေးဘူး....

My Heart Leaps Up {{Completed}}Where stories live. Discover now