ပြင်ဆင်ပြီးနောက် အဝါရောင် ရှပ်တစ်ထည်နဲ့ ဂျင်းပြာကို ပေါ့ပေါ့ပါးပါးဝတ်ဆင်လိုက်သည်။
ဘတ်ဟျွန်းနီရှေ့ လူငယ်ဆန်ပြီး ကြည့်ကောင်းစေချင်တာကတော့...သူ့အလွန်မဟုတ်ဘူးထင်ပါတယ်
လူတိုင်း ချစ်ရသူရှေ့ဆို ကြည့်ကောင်းစေချင်ကြတာပဲ မလား...။သိပ်အသုံးမပြုတဲ့ ရေမွှေးကိုတောင် ယူပြီး လည်ပင်းထက် နည်းနည်း ဆွတ်လိုက်သည်။
ခပ်သင်းသင်းမွှေးနေတဲ့ အနံ့လေးကို ဘတ်ဟျွန်းနီလည်း သဘောကျမယ်လို့ ထင်ပါတယ်အချိန်ကိုကြည့်တော့ လေးနာရီပဲ ရှိသေးတယ် ချိန်းထားတဲ့အချိန်နဲ့က နည်းနည်း လိုနေသေးတာမလို့ အငြိမ်မနေနိုင် ဖြစ်နေသည်။ အချိန်ကလည်း ဒီနေ့မှ မကုန်နိုင်တော့ဘူးလို့ ချန်းယောလ် တွေးမိတဲ့အထိပဲ
ရင်တွေကလည်း တဒိတ်ဒိတ်နဲ့မလို့ စိတ်တည်ငြိမ်ရာရအောင် ဖတ်လက်စ စာအုပ်တစ်အုပ်ကို ယူဖတ်ပြီး စိတ်တည်ငြိမ်အောင် ထားနေရသည်။
လှုပ်ရှားနေတဲ့ စိတ်အစုံက စာအုပ်ထဲလည်း မရောက်
မနက်ခင်းက မင်နီကို မေးခဲ့တာစီ အတွေးက ပြန်လို့ရောက်သွားသည်။
အမေ့အိမ်ပို့ဖို့ ပြင်ဆင်ပေးပြီးနောက် သားငယ်နဲ့အတူ ထွက်လာခဲ့လိုက်တယ်
ဘတ်ဟျွန်းနီိကို မင်နီဘက်က လက်ခံပေး မပေး ဆိုတာ အတွေးနည်းပြီး တစ်ခါမှ မမေးကြည့်ဖူးဘူး
ကလေးကြောင့် သူ ဘတ်ဟျွန်းနီကို ရှောင်ဖယ်ခဲ့တာလည်း ဖြစ်သည်။
အခုတော့ ရှောင်ဖယ်မဲ့လမ်းကို သူမရွေးတော့ဘူး”မင်နီ.. ဦးဦး ဘတ်ဟျွန်းနီကို သဘောကျလား ”
မဆိုင်းမတွပင် မင်နီက သဘောကျကြောင်း ခပ်ကျယ်ကျယ်လေး ဖြေလာ၏
”ဦးဦး နဲ့ အတူနေချင်လား ”
ဒီတစ်ခါလည်း မင်နီသည် လက်ခံလာပြန်သေးသည်။အရင်တစ်ခါက တစ်အိမ်ထဲနေဖူးတာမလို့ မင်နီက ချက်ချင်းလက်ခံတာ ဖြစ်နိုင်သည်။
”တကယ်လို့များဆိုရင် မင်နီက ဦးဦး ဘတ်ဟျွန်းနီကို appa အနေနဲ့ လက်ခံပေးမလား ”
”Appa?
မင်နီမှာ daddy ရှိတယ် မဟုတ်ဘူးလား
ဘာလို့ ဦးဦးက appa ဖြစ်မှာလဲ ”
KAMU SEDANG MEMBACA
My Heart Leaps Up {{Completed}}
Fiksi Penggemarတဖြည်းဖြည်း မင်းကြောင့် ရင်ခုန်တတ်လာပြီ တဖြည်းဖြည်း မင်းကြောင့် ရင်ခုန်တတ်လာပြီ ChanBaek