ချန်းယောလ်လက်ကို တွဲပြီး ပြန်လာရတဲ့ အိမ်အပြန်က ပျော်ရွှင်မှုကို သယ်ဆောင်လာပေးတယ်ဆိုတာအမှန်ပဲ..။ဘတ်ဟျွန်းမျက်နှာလေးထက် အပြုံးတွေက မရပ်တန့်နိုင်တော့...။
”သဘောတူပေးမယ်လို့ ပြောထားပြီးသားနော်
တခြား စကား ပြောင်းမပြောကြေး ”အိမ်ရောက်လာတာနဲ့ ဘတ်ဟျွန်းက အဖေကို ရှာပြီး တန်းပြောလာသည်။
”အမေ!
သား ချန်းယောလ်နဲ့ လက်ထပ်တော့မယ် ”ထမင်းစားခန်းထဲရှိနေတဲ့အမေ့စီ ပြေးသွားရင်း အော်ပြောလာသည်က တစ်အိမ်လုံးကြားစေဖို့ ရည်ရွယ်ထားသလားပဲ...။
ချန်းယောလ် ရယ်ချင်ပေမဲ့ အတိအလင်းလည်း မရယ်ရဲ..။ရှေ့မှာ တော်ရတော့မဲ့ ယောက္ခထီးလောင်းက မိန့်မိန့်ကြီးရှိနေတော့လည်း...။
ဘတ်ဟျွန်းက အမေ့လက်မောင်းကိုချိတ်ထားပြီး လက်ထဲမှာလည်း အသီးပန်းကန်ကို သယ်ပြီး ထွက်လာသည်။
”ချန်းယောလ်! စား ”
ပန်းသီးတစ်စိတ်ကို ချန်းယောလ်ကိုပေးလာသည်။အဖေနဲ့အမေကို ကျော်ပြီး...။
”ဒီကောင်တော့
ငါ့ကို မျက်စိနောက်အောင်! ””ဘတ်ဟျွန်းနီ~~ ”
အဖေကပြောလာသလို ချန်းယောလ်ကလည်း အသီးခက်ရင်းကိုင်ထားရင်း ဘတ်ဟျွန်းကို တိုးတိုးခေါ်လာသည်။
”ပျော်လား ”
အိမ်ရောက်ထဲက မလန်းတဲ့မျက်နှာလေးက အခုတော့ ရေထိတဲ့ပန်းလိုပဲ ရွှင်လန်းနေတာမြင်ရတော့ ချန်းယောလ်နဲ့ သဘောတူပေးရတာကို နောင်တမရမိတော့...။ဘတ်ဟျွန်းအမေက သားမျက်နှာကိုကြည့်ရင်းကို ပြုံးနေမိသည်။
”မင်းသဘောကျ သဘောတူပေးပြီးပြီနော်
ထပ်မငိုနဲ့တော့ ”အဆုံးသတ်မှာတိုးဝင်သွားတဲ့ အဖေ့စကားကြောင့် ဘတ်ဟျွန်းက နှုတ်ခမ်းဆူလာသည်။
”သား! မငိုပါဘူး ”
”လိမ်ပြန်ပြီ
ငါ ညဘက်လာကြည့်တိုင်း ငိုနေပြီးများ ”ဘတ်ဟျွန်းက ချန်းယောလ်ဘက်ကို လှည့်လာပြီး လက်ခါပြလာကာ...
YOU ARE READING
My Heart Leaps Up {{Completed}}
Fanfictionတဖြည်းဖြည်း မင်းကြောင့် ရင်ခုန်တတ်လာပြီ တဖြည်းဖြည်း မင်းကြောင့် ရင်ခုန်တတ်လာပြီ ChanBaek