6K 873 55
                                    

[Zawgyi]
"ပြီးခဲ့တဲ့ နှစ်ရက်လောက်ကစပြီး ဒီနားကို ရုံးခန်း ပြောင်းလာတယ် အမေ "

"ဟုတ်လား
အိမ်နဲ့ နီးတော့ ကောင်းတာပေါ့

ဒါနဲ့ အရင်နေရာက ဘာဖြစ်လို့လဲ "

"အရင် ရုံးခန်းနေရာက ရုတ်တရက်ကြီး ပိတ်သိမ်းမယ်တဲ့
အဲ့ဒါကြောင့် ဒီအနီးအနားကို ပြောင်းလာလိုက်တာ
အားတဲ့ရက်ဆို မင်နီနဲ့ နေ့လည်နေ့ခင်း မုန့်သွားစားလို့ရတယ်လေ "

"မင်နီတော့ သဘောကျနေမှာပဲ
သူအဖေက အချိန်ပိုပေးနိုင်ပြီ ဆိုတော့ "

ဘေးနားမှာ ဆော့နေတဲ့ သားက အလုံးစုံ နားမလည်တောင် ပြုံးဖြီးဖြီးနဲ့
သဘောတွေ ကျနေပုံပဲ... ။

Chanyeol က မျက်နှာ တစ်ချက်လှည့်လိုက်ရုံပဲ ရှိသေး
ပြန်လှည့်ကြည့်တော့ မင်နီက စိတ်ပူစရာကို လုပ်နေသည်။

"ဂျွန်မင်နီ
အဲ့ဒါတွေ မကိုက်ရဘူး လေ
Daddy စီက အဆူခံချင်နေတာလား!! "

ကစားစရာတွေကို သွားနဲ့ ကိုက်နေတဲ့ မင်နီ
အဖေက ဆူတော့ မျက်နှာက ပြိုတော့မဲ့ မိုးလို ဖြစ်သွားလိုက်ပုံများ

"စကားနားထောင်လေ
အန္တာရယ်များလို့ အဲ့လို မလုပ်ရဘူး လို့ ပြောထားတာ
Parkjonmin, daddy စကား နားမထောင်ဘူးလား "

"အီးဟီး ဘွားဘွား "

ထပ်အဆူခံရတော့ မျက်ရည်တွေက တအိအိနဲ့ အဘွားကို အော်ခေါ်ပြီး သွားတော့သည်။
အဘွားရင်ခွင်ထဲ ခေါင်းဝှက်ကာ အော်ငိုနေတဲ့ ကလေးပေါက်စ
အဖေကို ကြောက်လို့ လက်သီးတွေ စုပ်ထားသေးတယ်

"ကလေးကို မအော်ပါနဲ့
ဒီတိုင်း ပြောလဲ ရတာပဲကို

မင်နီ လာ အဘွားနဲ့ သွားရအောင် "

Chanyeol ကို ဆူပြီး
မင်နီကို ချီကာ mrs.park က ထွက်သွားတော့သည်။

ကြောက်လို့ လက်သီးလေးတွေ စုပ်ထားတဲ့ မင်နီ​ကြောင့်
အမှတ်မထင် ဘတ်ဟျွန်းကို စိတ်ထဲ တွေးမိသွားခိုက်
Chanyeol မျက်နှာမှာ အပြုံးတစ်ခု ရေးရေးလေး ပေါ်ထွက်လာသည်။

*** My Heart Leaps Up***

တတီတီ မြည်နေတဲ့ နှိုးစက်က baekhyun ကို
မနက် အိပ်ရာထဖို့ ဆော်သြနေပြီ

My Heart Leaps Up {{Completed}}Where stories live. Discover now