"ကိုယ် မင်းကို ချစ်တယ် ဘတ်ဟျွန်းနီ"
တွေးလိုက်မိတိုင်း ဘတ်ဟျွန်းပါးပြင်လေး ရဲခနဲ
တဒိတ်ဒိတ် ခုန်နေတဲ့ နှလုံးသားလေးရဲ့ ရင်ခုန်မှု
တကယ်ကြီးလို့ကို မခံစားမိဘဲ အိပ်မက် တစ်ခု ဖြစ်မှာ ကြောက်ရွံ့နေတဲ့ ဘတ်ဟျွန်းက ခဏခဏ ပါးလေးကို ဆွဲကြည့်သည်။
နာလို့သာ အမှန်တရားဆိုတာ သိတာချန်းယောလ်စီက ဒီစကားကြားရတာ အမှန်လို့ကို မခံစားရဘူး
ဒါပေမဲ့ သူ ရင်ခုန်နေသည်။
အိပ်ရာနိုးထဲက တွေးနေမိတဲ့ မနေ့ကအကြောင်း
မျက်နှာတောင် သစ်ဖို့ သတိမရတဲ့အထိ သူ့အာရုံတွေက ချန်းယောလ်ရဲ့ စကားပေါ်မှာသာ ကြီးစိုးနေသည်။Message ဝင်လာတဲ့ အသံကြောင့် နဘေးက ဖုန်းကို ခပ်မြန်မြန်ပဲ ယူကြည့်လိုက်သည်။
”နိုးပြီလား ဘတ်ဟျွန်းနီ ♡ ”
ချန်းယောလ်စီက မောနင်း message
နောက်က ကပ်ပါလာတဲ့ အသည်းလေးကြောင့် ဘတ်ဟျွန်းရဲ့ ရင်ခုန်နှုန်းတွေက တိုးလို့မြန်လာသည်။စာပြန်ရိုက်ဖို့တောင် တုန်နေတဲ့ လက်လေးတွေရဲ့ အကြောင်းပြချက်က ရင်ခုန်နေလို့ တဲ့... ။.
ဖုန်းကိုင်ထားတဲ့ ချန်းယောလ်သည်လည်း အလားတူ ရင်ခုန်မှုမျိုး ခံစားနေရသည်။
ဒါပေမဲ့ ဝင်လာတဲ့ ပြန်စာလေးက "အင်း" ဆိုပြီး တစ်လုံးထဲဘတ်ဟျွန်းကများ သူ message ပို့တာ မကြိုက်လို့လား ဆိုတဲ့ အတွေးကြောင့် ချန်းယောလ် မှိုင်တွေသွား၏
တော်တော်ကြာမှ ဘတ်ဟျွန်းစီက message တစ်ခု ထပ်ရောက်လာသည်။
ရိုးရိုးရှင်းရှင်း အသည်းလေးတစ်ခုပဲ ♡
ချန်းယောလ် သဘောတကျ ပြုံးလိုက်မိသည်။အရှက်သည်းပြီး အသည်း ပို့သင့် မပို့သင့် စဥ်းစားရခက်နေတဲ့ ကောင်လေးက နောက်ဆုံးတော့ ပို့ပေးခဲ့တယ်
မကြိုက်တာ မဟုတ်ဘဲ ရင်ခုန်လွန်းလို့ ဆိုတာ ချန်းယောလ် မသိပြန်ဘူး***My Heart Leaps Up***
အချိန်ကို ကြည့်လိုက်တော့ ထွက်လာရမဲ့အချိန်ရောက်နေပါပြီ
ဒါပေမဲ့ ကောင်လေးက ပေါ်မလာသေးဘူး

KAMU SEDANG MEMBACA
My Heart Leaps Up {{Completed}}
Fiksi Penggemarတဖြည်းဖြည်း မင်းကြောင့် ရင်ခုန်တတ်လာပြီ တဖြည်းဖြည်း မင်းကြောင့် ရင်ခုန်တတ်လာပြီ ChanBaek