အမေ့အိမ်မှာ ကားထားခဲ့ပြီး အလုပ်ခန်းရှိရာကို ချန်းယောလ် လမ်းလျှောက်လာသည်။အခုတလော ဖြစ်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး တကယ်ကြီး ပင်ပန်းနေလေပြီ...။သဘောကျရတဲ့ လူစီက အမုန်းက တော်တော်လေး နာကျင်စေတာပဲ..။
သူ့အမှားပဲမလို့အတင်းအကျပ်လည်း မရှင်းချင် မပြောပြချင်တော့ပါ
ကောင်လေး သူ့အပေါ်စိတ်ပြန်ပြေလည်သွားတဲ့တစ်နေ့တော့ သူဖွင့်ပြောနိုင်မယ် ထင်တာပဲ
သူစောင့်စားနိုင်ပါတယ်အခုတော့ ဘတ်ဟျွန်း မျက်စိအောက်မရောက်အောင် ဘတ်ဟျွန်း သူ့ကို မမြင်ရအောင် ရှောင်ကြဥ်ရတော့မယ် သူ့ကို မမြင်ချင်ဘူး ပြောထားတာဆိုတော့လည်း....။
တိုက်တိုင်ဆိုင်ဆိုင်ပဲ ဘတ်ဟျွန်းက သူ့ရှေ့မှာ...
နည်းနည်းဝေးဝေးနေရာကနေ ဘတ်ဟျွန်းက လမ်းလျှောက်လာ၏
မျက်နှာချင်းဆိုင်အနေအထားနဲ့ လမ်းလျှောက်လျက်သား တွေ့ဆုံတဲ့ ဒီနှစ်ယောက်ချန်းယောလ် ချက်ချင်းပဲ ဘေးကပ်ရပ်မှာရှိရာ အဆောက်အဦးတစ်ခုဘက် လှည့်လိုက်ပြီး ရှောင်လိုက်တယ်
ဘတ်ဟျွန်း သူ့ကို မြင်ပြီး ပိုစိတ်ပင်ပန်းရမှာမျိုး မလိုချင်သလို ဖြစ်လည်း မဖြစ်စေချင်ဘူးမလို့
ဘတ်ဟျွန်းပြောသလို သူပဲ ရှောင်ပေးပါ့မယ်.
.
.မျက်စိရှေ့က ချန်းယောလ် ကို သူမြင်သည်။မိုးပြာရောင် အင်္ကျီနဲ့ ဘောင်းဘီအဖြူ ဝတ်ဆင်ထားတဲ့ ချန်းယောလ်က အမြဲကြည့်ကောင်းနေတာပဲ
မုန်းတယ် ပြောပေမဲ့ ကြည့်ကောင်းတယ် လို့ တွေးမိပြန်တာမလို့ ကိုယ်ကိုကိုယ်တောင် ရယ်လိုက်မိတယ်
တဖြည်းဖြည်းနီးကပ်လာတဲ့ နှစ်ဦးသား
နီးကပ်လာချင်းမှာပဲ ချန်းယောလ်က တစ်ဖက်လှည့်ပစ်လိုက်တာမလို့ ဘတ်ဟျွန်း ကြောင်သွားသည်။”မုန်းတယ်ဆိုလို့ ရှောင်ပေးတာလား?”
မုန်းတယ်လို့ပြောခဲ့ပေမဲ့ အခု ချန်းယောလ်ကို ဘာစိတ်တိုလို့ တိုမှန်းမသိ ဖြစ်သွားတဲ့ ဘတ်ဟျွန်း..။
လူကိုမြင်တာနဲ့ ရှောင်ဖယ်လိုက်တဲ့ ချန်းယောလ် ကြောင့် မိုးပြာရောင် ကျောပြင်ကြီးကို မကျေမနပ် ကြည့်ပေးလိုက်တယ်။ သူ့စကားကြောင့် သူ့ကို ဖယ်ခွာနေတာမှန်း သိပေမဲ့လည်း အမြင်ကပ်ပါသည်။
ချန်းယောလ်သည်လည်း သူ့ကို မမြင်ချင်ယောင် ဆောင်သည်မို့ ဘတ်ဟျွန်း ကလည်း မသိချင်ယောင် ဆောင်ပစ်လိုက်တာပဲ..။
VOCÊ ESTÁ LENDO
My Heart Leaps Up {{Completed}}
Fanficတဖြည်းဖြည်း မင်းကြောင့် ရင်ခုန်တတ်လာပြီ တဖြည်းဖြည်း မင်းကြောင့် ရင်ခုန်တတ်လာပြီ ChanBaek