မနက် လေးနာရီ
ချန်းယောလ် အခန်းထဲ ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။ကုတင်ပေါ် တင်ထားတဲ့ ဖုန်းကို ကြည့်လိုက် လမ်းလျှောက်လိုက်နဲ့မြင်သာမြင်ရရင် အခန်းထဲ ချန်းယောလ် ခြေရာအထပ်လိုက်ကိုပဲ ဖြစ်နေတော့မှာပဲ
”အခုထိ ပြန်မလာသေးတာလား ”
စိတ်မြန်လက်မြန်ဆိုသလို ဘတ်ဟျွန်းသူငယ်ချင်းကောင်လေးအိမ် ထပ်သွားဖို့ ကားသော့ ကောက်ကိုင်လိုက်ပြီးပြီ
အိမ်ရှေ့ရောက်တဲ့အချိန်မှာပဲ ချန်းယောလ် စီ ဖုန်းဝင်လာသည်။
ဘတ်ဟျွန်း အိမ်ပြန်ရောက်ပြီ ဆိုတဲ့ စကားကြားမှပဲ ချန်းယောလ်ရဲ့ ပူပန်စိတ်တွေ ပျောက်တော့တယ်
ချက်ချင်း အိပ်ရာထဲ တန်းဝင်သွားတယ် ဆိုတာကြောင့် ဘယ်သွားနေတာလဲ ဆိုပြီး မေးချင်တာတွေ ပျောက်သွားသည်။
ထားပါလေ မျက်စိအောက်မရှိဘဲ လျှောက်သွားနေတာထက်စာရင် ပြန်ရောက်ပြီး အိပ်နေပြီ ဆိုတဲ့အကြောင်းက ပိုကောင်းပါတယ်Good Night ပါ ကောင်လေး
အိပ်ရာကနိုးရင် ကိုယ်မင်းဘေးမှာ ရှိနေစေရပါမယ် အထင်လွဲတာရှိရင်လည်း ဖြေဖျောက်ပေးပါဦး ဘတ်ဟျွန်းနီရယ်တကယ်လည်း ချန်းယောလ်သည် ဘတ်ဟျွန်း န်ိုးတဲ့အချိန် အနားမှာရှိနေလေသည်။
ဖုန်းရပြီးပြီးချင်း တစ်ညလုံး မအိပ်ရသေးသည်မို့ နောက်ကျိနေတဲ့စိတ်တွေ ကြည်အောင် မျက်နှာကို ရေနဲ့သစ်လိုက်သည်။
ရေထိလိုက်ရတော့ လန်းဆန်းသွားတဲ့စိတ်အစုံနဲ့ တက်ကြွနေပြီအင်္ကျီလဲဝတ်လိုက်ပြီး ဆံပင်တွေကို လက်နဲ့ပဲ အသာဖွပစ်လိုက်တယ်
ပုံမှန်လို သပ်တင်ထားတဲ့ ဆံပင်မဟုတ်ဘဲ ဖွထားတဲ့ ပွယောင်းယောင်းဆံပင်တွေနဲ့ ချန်းယောလ်က လူငယ်ဆန်နေတာ တအားပဲကြည့်လို့ကောင်းလောက်ပြီဆိုမှ ကားသော့ကောက်ဆွဲပြီး ဘတ်ဟျွန်းရှိရာကို ချန်းယောလ်ထွက်လာလိုက်တယ်
***My Heart Leaps Up ***
မနက် ခြောက်နာရီ ဆိုတာ သူများအိမ်သွားဖို့ စောလွန်းနေတာ သိပေမဲ့
ချန်းယောလ်ကတော့ မျက်နှာပြောင်ပြောင်ပဲ သူများအိမ်ရောက်ပြီး သူများခုံထက် ပြောင်ပြောင်တင်းတင်း ထိုင်နေပြီ
YOU ARE READING
My Heart Leaps Up {{Completed}}
Fanfictionတဖြည်းဖြည်း မင်းကြောင့် ရင်ခုန်တတ်လာပြီ တဖြည်းဖြည်း မင်းကြောင့် ရင်ခုန်တတ်လာပြီ ChanBaek