"ဘတ်ဟျွန်း က သားနဲ့အတူ မရှိတော့ဘူးလား "
"ဗျာ? "
မင်နီကို အမေ့အိမ်မှာထားပြီး အလုပ်ကိုသွားဖို့ လုပ်နေတဲ့ ချန်းယောလ်စီ အမေက ရောက်လာပြီး ဘတ်ဟျွန်းအကြောင်း လာမေးသည်။
လွမ်းတယ် ဆိုတဲ့ ခံစားချက်က အတိုင်းမသိစွာ ရင်ထဲ ရှိနေသေးချိန်..တစ်စုံတစ်ဦးက ထိုသူ့အကြောင်း လာမေးတော့.. တန်ပြန်သတိရစိတ်နဲ့ ရင်ထဲ လွမ်းရပြန်သည်။ပြန်မဖြေပေးသေးတဲ့ ချန်းယောလ်ကို အမေက သားလို့ ခေါ်လာ၏
"သူငယ်ချင်း ပြန်ရောက်လာလို့ ဘတ်ဟျွန်းက သူငယ်ချင်းအိမ်မှာ သွားနေနေတယ် "
ကတိုက်ကရိုက်ထွက်လာတဲ့ ချန်းယောလ်စကားတွေကို အမေက သတိထားမိပုံမပေါ်လို့တော်သေး...။
"ဆိုင်ကရော? ဘာလို့ မဖွင့်တာလဲ သားသိလား?
ပိတ်ထားတာ နှစ်ပတ်တောင် ကျော်လှပြီ "အမေက စိတ်ပူစွာနဲ့ပဲ ထပ်ပြောလာသည်။
"ကလေးက နေများမကောင်းလို့လား...တစ်ခုခု သားသိတာ မရှိဘူးလား "
ချန်းယောလ် လေးလေးပင်ပင်နဲ့ပဲ ခေါင်းခါပြလိုက်မိ၏
နာမည်လေးကြားရုံနဲ့တင်
အလွမ်းထုထည်မြင့်တက်သွားတော့
မနက်ခင်းကို သတိရစိတ်နဲ့ အစပြုရပြီ... ။***My Heart Leaps Up***
သော့ခတ်ထားတဲ့ ဆိုင်ခန်းတံခါးလေးနား ချန်းယောလ် ရောက်နေသည်။
ဒီတံခါးဖွင့်တဲ့အချိန်မှ ဘတ်ဟျွန်းနီကို မြင်ရမှာလား
အမြဲတမ်း ပြုံးနေတတ်တဲ့ ဘတ်ဟျွန်းနီ အပြုံးလှလှလေးတွေကို လွမ်းတယ်
ဘတ်ဟျွန်းနီ ဖျော်ပေးတဲ့ ကော်ဖီကို တမ်းတမိတယ်
ညဘက်မှောင်လို့ အိမ်ပြန်လိုက်ပို့ပေးတဲ့ အချိန်တွေကိုလည်း သတိရပြန်တယ်
လန့်သွားတဲ့အချိန် အော်တတ်တဲ့ ခပ်စွာစွာ အသံကိုလည်း လွမ်းလှပြီ....
.
.
.
မင်းကို လွှတ်ပေးချင်ပေမဲ့ ဆွဲထားမိတာလည်း ကိုယ်ပဲ ဖြစ်နေပြန်တယ် ဘတ်ဟျွန်းနီသက်ပြင်းတစ်ခုက နာနာကျင်ကျင်ကို ထွက်လာ၏
နောက်...
အိတ်ကပ်ထဲက ဖုန်းကိုယူပြီး လွမ်းရတဲ့ ကောင်လေးစီ message စာတစ်စောင် ရိုက်ကာ ပို့လိုက်၏
YOU ARE READING
My Heart Leaps Up {{Completed}}
Fanfictionတဖြည်းဖြည်း မင်းကြောင့် ရင်ခုန်တတ်လာပြီ တဖြည်းဖြည်း မင်းကြောင့် ရင်ခုန်တတ်လာပြီ ChanBaek