အသင့်ပြင်ဆင်ပြီးပြီမလို့ ဘတ်ခ်ဟျွန်း အခန်းထဲက ထွက်လာသည်။
အချိန်ကိုက် ချန်းယောလ်ကပါ တံခါးဖွင့်ရင်း သူ့အခန်းက ထွက်လာတာနဲ့ တိုး၏အဖြူရောင်ပေါ် အမဲရောင် အစက်လေးတွေနဲ့ ရှပ်အင်္ကျီကို အမဲရောင် စတိုင်လ်ပန် နဲ့ တွဲဝတ်ထားတဲ့ ချန်းယောလ်ပုံစံက ကြည့်လို့ကောင်းနေလို့
မနက်ထဲက ချန်းယောလ်ကို ငေးနေရပြီ..။”ပြင်ဆင်ပြီးရင် ကားပေါ် သွားနှင့် ဘတ်ခ်ဟျွန်း
ကိုယ် မင်နီကို ခေါ်ပြီ လာခဲ့မယ် ”မျက်တောင် မခတ် ငေးကြည့်နေမိစဲ ...
အနားရောက်လာတဲ့ ချန်းယောလ်ကြောင့် ဘတ်ဟျွန်း အသက်ရှုတောင် ရပ်မိသွားသလိုပဲ
ဘတ်ဟျွန်းလက်ကို ဆွဲယူကာ ဖြန့်ပြီး လက်ထဲ ကားသော့ပေးရင်း ချန်းယောလ်က ပြုံးပြသွားတယ်လက်ထဲက ကားသော့ကို ကြည့်လိုက် ချန်းယောလ် နောက်ကျောကို ကြည့်လိုက်နဲ့
ကားသော့က ဘာလုပ်ဖို့လဲ
ဘတ်ဟျွန်း သူ့ဘာသာ တွေးနေမိသည်။အငေးကောင်းချက်က ချန်းယောလ် ဘာပြောလိုက်တာလဲ ဆိုတာ မကြားခဲ့ပေ..။
နောက်မှ ကိုယ့်ဘာသာ သဘောပေါက်ပြီး ကားသော့ကိုင်ကာ အောက်ဆင်းသွားလိုက်၏
တစ်အိမ်တည်းနေရတဲ့ ရလဒ်က
မနက်ထဲက ချန်းယောလ်ကို ငေးကြည့်ခွင့်ရပြီး
ဘာပြောလဲတောင် သတိမထားမိတဲ့ အထိပဲ
မနက်စောစော ရင်ခုန်မှု ကြိမ်နှုန်းလေးကလည်း မြင့်တက်လာခဲ့၏***My Heart Leaps Up***
”ဘယ်သွားနေတာလဲ ချန်းယောလ် ”
ဘေးထိုင်ခုံမှာ မထိုင်ဘဲ ဘတ်ဟျွန်းက မင်နီနဲ့အတူ နောက်မှာ
ကားမှန်ပြတင်းကနေ ခေါင်းလေးလှည့်ပြီး စပ်စုကာ မေးလာသည်။
”ပြန်ပေးဆွဲလာတယ် ထင်လို့လား ”
ကားမောင်းရင်း ချန်းယောလ်က စနေတယ်
နောက်ခန်းက ဘတ်ဟျွန်းကို မှန်ကတစ်ဆင့် လှမ်းကြည့်တော့ ဆူပုတ်ပုတ်လေး လုပ်နေသည်။”အမေတို့အိမ် သွားနေတာ
မင်နီကို အပ်ပြီး မနက်စာ ဝင်စားမယ်လေ ”
ŞİMDİ OKUDUĞUN
My Heart Leaps Up {{Completed}}
Hayran Kurguတဖြည်းဖြည်း မင်းကြောင့် ရင်ခုန်တတ်လာပြီ တဖြည်းဖြည်း မင်းကြောင့် ရင်ခုန်တတ်လာပြီ ChanBaek