"ဦးဦး "
မင်နီက ဘတ်ဟျွန်းကို တွေ့တာနဲ့ လုံးလုံး လုံးလုံးနဲ့ ပြေးလာကာ လာဖက်သည်။
ဝဝ ဖိုင့်ဖိုင့်ကိုယ်လုံးလေး ပြေးလာတာက ဘောလုံးလေး လိမ့်လာသလိုပဲ"ဟိုတစ်ခါ နေတဲ့ အခန်းပဲ ဘတ်ဟျွန်း
ကိုယ် ပစ္စည်းတွေ နေရာချပေးထါးတယ် ""ကျေးဇူးပဲ ချန်းယောလ် "
မင်နီကို ချန်းယောလ်က ခေါ်သွားတာနဲ့ ဘတ်ခ်ဟျွန်းလည်း ပေးထါးတဲ့ အခန်းထဲ ဝင်လာလိုက်သည်။
လွယ်ထားတဲ့ ဘေးစောင်းလွယ်အိတ်က်ို ချွတ်ပြီး
ကြမ်းပြင်ပေါ်ပစ်ချကာ
အိပ်ယာခင်းထက် လှဲချလိုက်သည်။
အောက်ချထားတဲ့ ခြေထောက်လေးတွေက တလှုပ်လှုပ်နဲ့ အငြိမ်မနေစွာ..။ခဏလောက် နားပြီး ဘတ်ခ်ဟျွန်း ပြန်ထလာသည်။
ပစ်ချထားတဲ့အိတ်က်ို ယူလိုက်ပြီး စင်လေးပေါ် သပ်သပ်ရပ်ရပ် တင်သည်။ချန်းယောလ်က သူ့ကို စည်းကမ်းမရှိတဲ့လူလို့ မထင်သွားစေချင်ပါဘူး ။တဝါးဝါး ဆက်တိုက်သန်းနေပြီး အိပ်ချင်နေပြီမလို့
အင်္ကျီလဲဝတ်ဖို့ အဝတ်ထုတ်ထဲက ညဝတ်ဝတ်စုံကို ထုတ်ယူလိုက်သည်။ဘဲရုပ်ဝါဝါလေးတွေနဲ့ pajamas က ချစ်ဖို့ကောင်းလွန်းလှသလို ဘတ်ခ်ဟျွန်း သဘောကျ ညအိပ်ဝတ်စုံ
လဲလှယ်ဝတ်ဆင်ပြီး ကုတင်ပေါ်တက်ကာ နေရာယူထားသည်။
စောင်ကို ရင်ဘတ်ပေါ်ထိရောက်အောင် ဆွဲတင်လိုက်သည်။မျက်စိမှိတ်ပြီး အိပ်ဖို့ ကြိုးစားပေမဲ့ အိပ်လို့မရ..။
အခုန သန်းပြီး အိပ်ချင်နေတာတွေက တကယ်အိပ်မယ် ဆိုတော့ ဘယ်ရောက်ကုန်မှန်းကို မသိတော့ ..။နေရာသစ် အိပ်ယာသစ် အပြောင်းအလဲကြောင့် အိပ်လို့မရတာနဲ့ တူပါရဲ့..။
အရင်တစ်ခါက အရက်သောက်ထားပြီး မူးနေလို့ ကောင်းကောင်း အိပ်ပျော်သွားတယ်.. ။
အခုတော့ အိပ်ဖို့ကို အဆင်မပြေချင်..။ဘေးကိုလှည့်အိပ်သည်။ မရ.. ။ တစ်ဖန် ညာဘက်ကို လှည့်အိပ်ကြည့်သည်။
အိပ်လို့မပျော်ခြင်းနဲ့အတူ အိပ်ယာပေါ် ဟိုလှည့် ဒီလှည့်နဲ့ ဗြောင်းဆန်နေ၏"အိပ်ချင်ပါတယ်ဆို!! "
အိပ်ချင်ရဲ့နဲ့ အိပ်မရတာမလို့ ဆူအောင့်အောင့် အသံလေးက ထွက်လာပြီး ငုတ်တုပ်ထထိုင်၏
KAMU SEDANG MEMBACA
My Heart Leaps Up {{Completed}}
Fiksi Penggemarတဖြည်းဖြည်း မင်းကြောင့် ရင်ခုန်တတ်လာပြီ တဖြည်းဖြည်း မင်းကြောင့် ရင်ခုန်တတ်လာပြီ ChanBaek