၃၈

3.3K 605 25
                                    

ဘတ်ဟျွန်းအိမ်ကို ချန်းယောလ်ရောက်လာခဲ့တော့ သော့ခတ်ထားတဲ့ တံခါးက ချန်းယောလ်ကို ဆီးကြိုနေပြီ..။

"ဘတ်ဟျွန်းနီ!? "

စိတ်ထဲ တစ်မျိုးဖြစ်သွားတာမလို့ ဖုန်းခေါ်ဖို့ အိတ်ထဲက ဖုန်းကို ထုတ်လိုက်ချိန် အိမ်ရှေ့ကို ဆိုက်ရောက်လာတဲ့ ကားတစ်စီး​ကြောင့် ချန်းယောလ် ထိုကားစီ အကြည့်ရောက်သွားသည်။

"ချန်းယောလ်ရှီ? "

ကားပေါ်က ဆင်းလာသူက ဘတ်ဟျွန်း သူငယ်ချင်း မင်ဟော့ မလို့ ဖုန်းကိုလက်ထဲမှာ ကိုင်ထားရင်းနဲ့ပင် ချန်းယောလ် သိချင်တာကို မြန်မြန်ပဲ မေးလိုက်တယ်

"ဘတ်ဟျွန်းနီရော?
ဘာလို့ အိမ်က ပိတ်ထားတာလဲ "

"ချန်းယောလ်မသိဘူးလား
ဘတ်ဟျွန်း အိမ်ပြန်အပ်သွားပြီလေ
ကျွန်တော့ကို စာ ပို့သွားလို့ ကျွန်တော်အခု ဒီကိုလာပြီး စီစဥ်ပေးတာ "

သေချာပါပြီ
ဘတ်ဟျွန်းနီ မရှိတော့တာ သူပို့ခဲ့တဲ့ စာကြောင့်ဆိုတာ မေးနေစရာကို မလိုတော့..။

အစအနမရှိအောင်တော့ ပျောက်မသွားပါနဲ့လား ကောင်လေးရယ်
ကိုယ့်ကို တောင်းပန်ခွင့်လေးတော့ ပေးပါဦး.. ။

"ဘတ်ဟျွန်းနီ ဘယ်သွားလဲ သိလား
သိရင် ကိုယ့်ကို ပြောပြပေးနိုင်မလား
အရေးကြီးလို့ပါ "

မင်ဟော့က အလောတကြီးနိုင်နေတဲ့ သူ့ပုံစံကို ထူးထူးဆန်းဆန်းကြည့်လာပြီး

"ကျွန်တော်လည်း မသိဘူး
အိမ်ပြန်အပ်ပေးဖို့အတွက် စာပဲပို့သွားခဲ့လို့ "

မင်ဟော့စကားကြောင့် ချန်းယောလ် မှိုင်ကျသွားရပြီး ချက်ချင်း လိပ်စာကတ်ကို ပေးလာသည်။

"သိရင် ကိုယ့်ကို သေချာပေါက် ဆက်သွယ်ပေးပါနော် "

အားကိုးတကြီးနဲ့ အသေအချာ တောင်းဆိုပြီး ထွက်သွားတဲ့ ချန်းယောလ်ကို တစ်ချက်ကြည့်ပြီး

လက်ထဲက လိပ်စာကတ်ကိုထပ်မံကြည့်လိုက်ကာ

"သူပဲ လမ်းခွဲဖို့ ပြောသွားခဲ့ပြီး
ဘာလို့ ခုမှ ဟျွန်းနီကို လိုက်ရှာနေတာလဲ "

My Heart Leaps Up {{Completed}}Donde viven las historias. Descúbrelo ahora