၂၂

4.7K 735 91
                                    

ခံစားချက်... ဘတ်ဟျွန်းပေါ်ထားတဲ့ ခံစားချက်ကို ဝန်ခံမယ်လို့ ဆုံးဖြတ်လိုက်တာနဲ့ စိတ်အစုံက ပေါ့ပါးသလို ပျော်ရွှင်နေသည်။

ချစ်တဲ့စိတ်ကို မြိုသိပ်ရတာ တော်တော် ခက်ခဲခဲ့တယ်
မထိုက်တန်ဘူး ထင်ခဲ့တဲ့ အချစ်ကို တဖြည်းဖြည်းလောဘကြီးလာရာက နောက်ဆုံး စိတ်ရဲ့အလိုကို သူလိုက်ခဲ့ပြီ

ဘတ်ဟျွန်းနီကို ဖွင့်ပြောမယ်
နှစ်ယောက်အတူ ဘဝတစ်ခုတည်ဆောက်မယ် လို့ တွေးရုံနဲ့တင် စိတ်ချမ်းသာလှတယ်

ပစ်မသွားပေးလို့ ကျေးဇူးတင်ကြောင်း ဘတ်ဟျွန်းနီကို ပြောပြပေးမယ်
သူ့ရဲ့ အတွေးတွေထဲ ဘတ်ဟျွန်းနီက ဘယ်လိုနေရာရှိလဲ ဆိုတာကို အိပ်ယာဝင်တိုင်း ဘတ်ဟျွန်းနီမျက်နှာလေးကို ကြည့်ပြီး အမြဲ ပြောပြပေးမယ်

စိတ်ကူးနဲ့တင် မျက်နှာထက် အပြုံးတို့က ဖုံးဖိမရစွာ
မနက်ဖြန် ညနေရောက်ဖို့ကို ချန်းယောလ် ဆုတောင်းနေပြီ
သူ့ဟာသူ လည်ပတ်နေတဲ့အချိန်တစ်ခုကိုတောင် သူ့စိတ်ထဲ ဘတ်ဟျွန်းနီနဲ့ တွေ့ရမယ် ဆိုထဲက အချိန်တွေကို တပတ်လှည့်ပစ်ချင်လောက်ထဲအထိပဲ

”မနက်ဖြန် ကိုယ်တို့ တစ်ရက်နေ့ပဲနော် ဘတ်ဟျွန်းနီ ”

သူ့စကားသူ သဘောကျပြီး နှစ်နှစ်ခြိုက်ခြိုက်ကို ပြုံးလိုက်မိ၏

***My Heart Leaps Up***

”ကိုယ် မင်းကို ဝန်ခံချင်တာရှိတယ်
ကိုယ်နဲ့အတူ ညစာ စားမယ်မလား ဘတ်ဟျွန်းနီ
ကိုယ် မင်းကို မျှော်နေမယ် ”

ပြန်တွေးရင်း ဘတ်ဟျွန်းမျက်နှာထက် အပြုံးတွေနဲ့

”မနက်ဖြန် ကျွန်တော်တို့ရဲ့ တစ်ရက်နေ့ပေါ့နော် ချန်းယောလ် ”

”မျက်နှာက ဘာဖြစ်နေတာလဲ
တစ်ယောက်တည်း ပြုံးရယ်နေတာ ရူးသွားပြီလား ”

ပြန်ရောက်ထဲက တပြုံးပြုံး ဖြစ်နေတဲ့ သူ့ကို မျက်စိမွှေးစူးနေတယ် ထင်ပါ့
အခုလည်း အခန်းထဲ တကူးတက ဝင်လာပြီးကို လာဖဲ့သည်။

”ငါ.. မဟုတ်တော့ပါဘူး
နောက်မှ သေချာမှ ပြောပြတော့မယ် ”

ပြောပြမလို့ စဥ်းစားပြီးမှ ခေါင်းခါယမ်းလိုက်ပြီး နောက်မှ ​ပြောပြဖို့ကို ဆုံးဖြတ်လိုက်သည်။
မင်ဟော့ကတော့ သူ့ကို ဒီညနေ ကြည့်မရဘူး ဖြစ်နေတယ် ထင်ပါ့
မျက်စောင်းကြီးထိုးပြီးကို ပြန်ထွက်သွား၏

My Heart Leaps Up {{Completed}}Where stories live. Discover now