”အမေ သားလာတယ် ”
အနီရောင် နှင်းဆီပန်းစည်းကြီးကို နောက်မှာ ကိုယ်နဲ့ ကွယ်ထားပြီး ဘတ်ဟျွန်း အိမ်ထဲဝင်လာသည်။
”အမေ့အတွက် ”
အသက်အရွယ် ကြီးကြီးငယ်ငယ် အမျိုးသမီအများစုသည် ပန်းကြိုက်ကြသည် ဟူသော အချက်ကို အမှီပြုပြီး ချန်းယောလ် အမေ့အတွက် ပန်းစည်ကြီးကြီးကို ဝယ်လာတဲ့ ဘတ်ဟျွန်းက သမက်လောင်းအနေနဲ့ အမှတ်တွေကို သဲ့ယူဖို့ စတင်ကြိုးစားနေလေသည်။
ဝမ်းသာသွားတဲ့ အမေက ဝမ်းသာအားရ ပန်းစည်းကြီးကို ပွေ့ပိုက်ပြီး ပန်းတွေကို နမ်းရှိုက်နေသည်။
”အမေ့အကြိုက်ကို သားငယ်လေး အသိဆုံးပဲ
အထီးကျန်နေတာ အခုမှပဲ ပြေပျောက်တော့တယ် ”အမေ့ပြောပုံအရဆို ဒီနေ့အတွက် ဒီတစ်ခုနဲ့တင် ဘတ်ဟျွန်း အမှတ်ပြည့်ရသွားပြီလို့ သတ်မှတ်နိုင်တာမလို့ ပြုံးဖြီးဖြီး ဖြစ်သွားတဲ့ မျက်နှာလေးက အထင်းသား..။
”အမေက အထီးကျန်နေတာလား ”
ချန်းယောလ်အမေကို ဖက်ပြီး ကပ်ချွဲနေတဲ့ ဘတ်ဟျွန်း
”သားရော ယောကျ်ားရောက အလုပ်ပဲလုပ်နေကြတယ်လေ ”
အမေ့စကားကြောင့် ဘတ်ဟျွန်း ရယ်လိုက်ပြီး
”အခုက စပြီး အမေ မပျင်းရအောင် နေ့တိုင်း လာပြီး အဖော်လုပ်ပေးမယ်နော် ”
အသက်ကြီးလာတော့ ဂရုစိုက်ခံချင်လာတဲ့ အမေ့က သားရော ယောကျာ်းစီကပါ ဂရုစိုက်မခံရလို့ ဝမ်းနည်းနေပုံပဲ..။
သားက ဂရုမစိုက်ဖြစ်ပေမဲ့ အခုကစပြီး သားမက်လောင်းလေးက လာဂရုစိုက်ပါမယ် အမေရေ...
လာဂရုစိုက်မှာမလို့ ချန်းယောလ်ကိုသာ ကျွန်တော့်ကို ပေးပါနော်..။***My Heart Leaps Up***
ညဘက်ရောက်တဲ့အထိ ချန်းယောလ် အိမ်ပြန်မလာသေးဘူး
အမေ့လက်ရာ ညစာကို ဗိုက်ကားအောင် စားပြီးနောက် အတင်းပန်းကန်တွေ ဆေးပေးမယ်ဆိုပြီး
လုဆေးတဲ့ ဘတ်ဟျွန်းရဲ့ အပြုအမူတွေကို အမေက သဘောကျမဆုံး ကို ဖြစ်လို့...။
အမှတ်တွေတော့ တဖြည်းဖြည်း များလာပြီ ထင်ပါရဲ့... ။
YOU ARE READING
My Heart Leaps Up {{Completed}}
Fanfictionတဖြည်းဖြည်း မင်းကြောင့် ရင်ခုန်တတ်လာပြီ တဖြည်းဖြည်း မင်းကြောင့် ရင်ခုန်တတ်လာပြီ ChanBaek