ချန်းယောလ်ကို ကြည့်ရမှာ မျက်နှာပူလို့ မတွေ့ဖြစ်တာ သုံးရက်လောက်ရှိပြီ
အိမ်မှာနေတဲ့ရက်အတွင်း ရုတ်တရက် ရေချိုးခန်း တံခါးကိုဖွင့်လိုက်မိတဲ့လက်ကို ကြည့်ရင်းလည်း အော်သည်။ရေချိုးခန်းရောက်ရင်လည်း ပြန်ပြန်ပေါ်လာမိတဲအတွေးကြောင့်လည်း အော်သည်။
တစ်ယောက်တည်းလည်း မျိုးစုံပါပဲ...။အခုလည်း အိပ်ရာကမထသေးဘဲ ဟိုလှည့်ဒီလှည့်နဲ့ အပျင်းတက်နေပြီး ဘေးနားတင်ထားတဲ့ ဖုန်းကို လှမ်းယူလိုက်တယ်
Noti bar မှာ ချန်းယောလ်ရဲ့ Message တွေက စီတန်းလို့..."မနက်စာဝယ်လာတယ် ^^"
"နိုးပြီလား အိပ်ပုတ်လေး ❤ "
"ကိုယ်အိမ်ရှေ့မှာ နိုးရင် တံခါးထဖွင့်ပေးဦး "
နောက်ဆုံးပို့ထားတဲ့ message သည် ခုနှစ်နာရီထဲကပင် ဖြစ်ပြီး အခုပင် ကိုးနာရီခွဲအချိန်ရောက်နေပြီ...။
အိပ်နေရာက ကမန်းကတမ်းပြေးထပြီး အိမ်ရှေ့ပြေးရသည်။
"ချန်းယောလ် "
တံခါးဖွင့်လိုက်ချင်း အိမ်နားတစ်ဝိုက်ပတ်ကြည့်ရင်း ချန်းယောလ်ကို ရှာမိသည်။
"ဘတ်ဟျွန်းနီ "
လက်ထဲမှာ စက္ကူအိတ်အဖြူလေးကို သယ်ရင်း ဘတ်ဟျွန်းနီ အနားရောက်လာသည်။
"ဖုန်းခေါ်ပြီး နှိုးလိုက်တာ မဟုတ်ဘူး ချန်းယောလ်ကလည်း "
"အခု နိုးလာပြီပဲကို "
အိတ်အဖြူလေးကို မြောက်ပြပြီး မနက်စာလို့ ထပ်မံဆိုလာသည်။
ဘတ်ဟျွန်းက လက်မထောင်ကာ အသိအမှတ်ပြုပေးပြီး ကိုယ်ကိိုယို့ကာ ချန်းယောလ်ကို အထဲဝင်စေပြီး တံခါးပြန်ပိတ်လိုက်သည်။
ရက်အတော်ကြာ ရှက်လို့ မတွေ့ရဲရာက ဒီလို
မျက်နှာလေးမြင်လိုက်ရပြန်တော့လည်း ရှက်စိတ်အစား လွမ်းစိတ်ပဲ ပေါ်လာ၏ ။***My Heart Leaps Up ***
စားချင်စရာ ကိတ်မုန့်အသေးလေးတွေရယ် အသီးနဲ့ပြုလုပ်ထားတဲ့ ပေါင်မုန့်အချို့ကို ပြုလုပ်ပြီး ပါကင်အကြည်လေးတွေနဲ့ ထုတ်ပိုးလုပ်နေရင်း ဘတ်ဟျွန်းပြုံးနေမိသည်။
JE LEEST
My Heart Leaps Up {{Completed}}
Fanfictieတဖြည်းဖြည်း မင်းကြောင့် ရင်ခုန်တတ်လာပြီ တဖြည်းဖြည်း မင်းကြောင့် ရင်ခုန်တတ်လာပြီ ChanBaek