5.7K 842 23
                                    

Unicode

မနက်ခင်း နေရောင်ခြည် နွေးနွေးလေးက လူကို နေလို့ကောင်းစေသလို စိတ်ကိုလည်း ကြည်နူးစေသည်။
ဘာလို့မှန်းမသိဘဲ မနက်ခင်းကို အပြုံးတွေနဲ့တင် စတင်နေရတယ်
စိတ်အခြေအနေလေးက ကောင်းနေတာပေါ့

ဘယ်လို ကံကောင်းမှုလေးများ သူ့စီ လာချင်နေလို့ပါလိမ့် လို့
ပြောင်စပ်စပ် တွေးမိသေးသည်။

ဆိုင်ရှေ့ရောက်တော့ ပိတ်ထားတဲ့ တံခါးချပ်ကို ကြည့်ပြီး
”ဆိုင်မဖွင့်ချင်ဘူး ” လို့
ငပျင်းကောင်လေး တစ်ယောက်လို ငြီးတွားမိသည်။

ဆိုင်ဖွင့်တာလေးက သိပ်တောင် မကြာသေးပေမဲ့
အပြင်ထွက်တာတွေကြောင့် ပိတ်ရတာ ခပ်များများ ဖြစ်နေတယ်
ဆိုင်ဖွင့်ရဦးမယ်

လမ်းမထက် လက်ချင်းတွဲပြီး လျှောက်သွားနေကြတဲ့ ချစ်သူရည်စားတွေက အများအပြား။
ရာသီဥတု နွေးနွေးလေးက date လုပ်ဖို့ အကောင်းဆုံး ပဲ မလား ။

ချစ်သူရည်စားတွေ မြင်တော့ ဟိုတစ်နေ့က
Chanyeol ပြောလိုက်တဲ့ ကိုယ့်ကောင်လေး ဆိုတဲ့ အသံကြီး နားထဲ ပြန်ကြားယောင်လာသည်။
သူကသာ ရှက်ပြီး မျက်နှာတွေနီပြီး ပူနေပေမဲ့ chanyeol ကတော့ ဘာမှ ဖြစ်ပုံမပေါ်ဘူး

ဟိုက သဘောရိုး ကူညီတာပဲကို ဘာလို့ သူကပဲ ရှက်ပြီး အဆစ်အနေနဲ့ ရင်တောင် ခုန်မိသေးတယ် သူ့ကိုသူလည်း မသိတော့ပါဘူး

Chanyeol နဲ့ နောက်တစ်ခါ ထပ်တွေ့ဖြစ်ခဲ့ရင် chanyeol ကို ဘယ်လို ကြည့်ရပါ့မလဲ မတွေးတတ်အောင်ပဲ

ထပ်စဥ်းစားကြည့်တော့ တွေ့စရာအကြောင်းလည်း မရှိတော့ဘူးပဲ
ရာသီဥတုနဲ့ ဆန့်ကျင်ဘက်ဆန်စွာ ဘတ်ဟျွန်းစိတ်ထဲ မှိုင်းညှို့သွားရသလိုပဲ

မှန်တံခါးထဲကနေ အပြင်ဘက်က သွားနေကြတဲ့ စုံတွဲတွေကို တစ်ချက်ကြည့်ပြီး ဆိုင်အတွင်းထဲသာ ဝင်လာခဲ့လိုက်တော့သည်။

.

အမှိုက်တွေစုထည့်ထားတဲ့ အမှိုက်အိတ်ကြီး နှစ်အိတ်ကို သယ်ပြီး
ဟိုတော်တော်လှမ်းလှမ်းက အမှိုက်ပုံးတွေစီ သွားပစ်ဖို့ လုပ်ရသည်။

My Heart Leaps Up {{Completed}}Dove le storie prendono vita. Scoprilo ora