”လွမ်းနေတာ
အနားမှာ ရှိနေတာ သိရဲ့နဲ့လည်း လွမ်းတယ်
အချိန်ပြည့် မင်းကို တွေ့ချင်နေတာကို ဘယ်လိုလုပ်ရမလဲမင်းကို သဘောကျတဲ့စိတ်ကို ထိန်းချုပ်ဖို့ ခက်ခဲလာတယ် ဘတ်ဟျွန်းနီရယ် ”
နေရာစိမ်းမလို့ သေချာ အိပ်မပျော်နိုင်တဲ့ အကျင့်လေးကြောင့် ချန်းယောလ် အနားမှာ လာထိုင်ထဲက ဘတ်ဟျွန်း နိုးလာခဲ့တယ်
မထခဲ့ရုံပဲ... ။
ချန်းယောလ် ပြောတဲ့ စကားကိုလည်း အိပ်ချင်မူးတူးနဲ့ မဟုတ်ဘဲ သေချာကြားလိုက်တာပဲ... ။
ဘာလုပ်မှာမှန်း မသိပေမဲ့ မျက်နှာနား တိုးကပ်လာတာကို ဘတ်ဟျွန်း သိလိုက်သေးသည်။
တကယ်တမ်း ချန်းယောလ်က ပြန်ပြီး ဖယ်ခွာသွားတယ်ဒါပေမဲ့ ချန်းယောလ်ရဲ့ စကားတစ်ခွန်းနဲ့တင် ပြန်တွေးတိုင်း ရင်ထဲ အခုန်မြန်နေသည်။
သဘောကျတယ်
ချန်းယောလ်လည်း ငါလိုပဲလားစဥ်းစားလိုက်တော့ ကျေနပ်ပြုံးလေးက မျက်နှာထက် ဖြစ်ထွန်းလာသည်။
”အဲ့ဒါဆို ဘာလို့ ဖွင့်မပြောတာလဲ ”
”အာ ဟုတ်တယ် ဟုတ်လောက်မယ်
အခြေအနေမပေးလို့ ဖွင့်မပြောတာနေမှာပေါ့ ”တစ်ယောက်တည်း မေးလိုက်
ခေါင်းလေး တညိမ့်ညိမ်နဲ့ ဖြေလိုက် နဲ့ချန်းယောလ်က သူ့အပေါ် ခံစားချက် ရှိတာကို သိရတာနဲ့တင် ပျော်နေတဲ့ ကောင်လေး က အချစ်မှာ လုံးဝ နစ်မြောနေပြီ... ။
***My Heart Leaps Up***
အခန်းထဲက ခေါင်းလေးထွက်လာပြီး အိမ်ရှေ့ကို ချောင်းကြည့်တော့
ဧည့်ခန်းထက် ကော်ဖီသောက်ရင်း ဖိုင်တွေ ကြည့်နေတဲ့ ချန်းယောလ်ကို မြင်ရသည်။
ဘတ်ဟျွန်း အခန်းထဲ ပြန်ဝင်ပြီး မှန်ရှေ့ပြေးကာ
ရင်ဘတ်ကို လက်နှစ်ဖက်နဲ့ အသာဖိရင်း အသက်ကို ဖြည်းဖြည်းရှုနေ၏
မှန်ကို ကြည့်ကာ ဆံပင်ကို လက်နဲ့ အသာသပ်တင်ရင်း ချန်းယောလ်ရှ်ရာ ထွက်လာသည်။အဖြူရောင်တွေသာ ဝတ်ထားတဲ့ ချန်းယောလ်က လင်းထင်း တောက်ပနေသလိုပဲ... ။
YOU ARE READING
My Heart Leaps Up {{Completed}}
Fanfictionတဖြည်းဖြည်း မင်းကြောင့် ရင်ခုန်တတ်လာပြီ တဖြည်းဖြည်း မင်းကြောင့် ရင်ခုန်တတ်လာပြီ ChanBaek