၃၄

3.6K 612 40
                                    

လက်ဖဝါးထဲ မြုပ်နေတဲ့လက်လေးကို မလွှတ်ချင်လွှတ်ချင်နဲ့ လွှတ်ပေးလိုက်ပြီး

”အထဲဝင်တော့ ”

”ကားဖြည်းဖြည်းမောင်းနော် ”

ဘတ်ဟျွန်းမိဘအိမ်ကနေ ညနေတော်တော်စောင်းတဲ့အချိန်မှ ထွက်ခဲ့တာကြောင့် ဒီပြန်ရောက်တော့ မိုးချုပ်လုနီးပါး ဖြစ်နေပြီ...။

”ကောင်းကောင်းအိပ်
ကိုယ့်ကို အိပ်မက်မက် "

ချန်းယောလ်ကပါ ကားပေါ်ကဆင်းလိုက်ပြီး ဘတ်ဟျွန်းအိမ်ထဲဝင်သွားတာကို နောက်ကကြည့်နေသည်။

အိမ်တံခါးလေးပိတ်သွားပြီး တော်တော်ကြာမှ ချန်းယောလ်ကားပေါ်တက်ဖို့ ပြင်လိုက်၏

”ချန်းယောလ်!! ”

ပြန်ပွင့်လာတဲ့ တံခါးရွက်နဲ့အတူ အပြင်ကို ပြန်ပြေးလာတဲ့ ဘတ်ဟျွန်းက အလောတကြီး လှမ်းအော်ခေါ်လာသည်မလို့ ချန်းယောလ် ပြန်လှည့်ကြည့်လိုက်သည်။

ကောင်လေးက သူ့အနားရောက်လာပြီ... ။

”ဘာလို့ပြေးလာတာလဲ
မောအောင်လို့... မင်းလှမ်းခေါ်လိုက်ရင်ကို
ကိုယ်မင်းရှေ့ အရောက်လာပေးမှာပေါ့ ”

ပြေးလာရလို့ မောသွားတဲ့ ဘတ်ဟျွန်းက အနည်းငယ်မြန်ဆန်နေတဲ့ အသက်ရှုနှုန်းကို ပြန်ထိန်းပြီးကာမှ

အောက်နှုတ်ခမ်းကို အသာကိုက်ရင်း

”ချန်းယောလ်..

ဒီည
ကျွန်တော့်အိမ်မှာ... အိပ်သွားမလား ”

***My Heart Leaps Up***

”အရင်လိုတော့ ရှုပ်ပွမနေတော့ဘူးပဲ ”

အိမ်ထဲရောက်တာနဲ့ အိမ်အတွင်းကိုလိုက်ကြည့်ပြီးပြောလာတဲ့ ချန်းယောလ်ကို နောက်ကနေ ခြေထောက်နဲ့ ကန်ဟန်ပြုလိုက်တဲ့ ဘတ်ဟျွန်း

အိမ်ထဲရောက်ရောက်ချင်း ပြောတာက အချိုးတစ်စက်မှကို မပြေဘူး ပြန်ကန်ထုတ်ပစ်လိုက်ရ

သဘောထားကြီးတဲ့သူကပဲ ထိုလူကြီးကို ပစ်ထားလိုက်ပြီး ခရီးဆောင်အိတ်ကို ဆွဲကာ အခန်းထဲ သွားထားဖို့ပဲလုပ်တော့သည်။

My Heart Leaps Up {{Completed}}Where stories live. Discover now