5.4K 799 57
                                    

[Zawgyi]
ချန်းယောလ်က ရုံးခန်း မှားနေလောက်အောင် ဘတ်ဟျွန်း ဆိုင်မှာ
မနက် နေ့ခင်း ညနေ ရှိနေတတ်သည်။

”ဒီနေ့ ကိုယ်တို့ အဖွဲ့သားတွေ ညစာစားပွဲ လုပ်ကြမလို့
ဘတ်ဟျွန်း ပါ လိုက်ခဲ့ပါလား ”

”အာ.. ကျွန်တော်လည်း ညနေ သွားစရာ ရှိတယ်
ကျောင်းသားဟောင်းတွေ တွေ့ဆုံပွဲလေ
ဟော့က မလာရင် ကျွန်တော့်ကို စကားမပြောတော့ဘူး တဲ့လေ ”

ချန်းယောလ်က ခေါင်းညိမ့်ပြပြီး ကော်ဖီခွက်ကို စိုက်ကြည့်နေသည်။

”နောက်ပြီး ချန်းယောလ်တို့ အချင်းချင်း ပျော်ကြမှာကို
သူစိမ်း ရှိရင် ဘယ်ပျော်ရပါ့မလဲ
ကျွန်တော်က ချန်းယောလ်နဲ့ပဲ သိတာလေ ”

”အင်းပါ ကိုယ်နားလည်ပါတယ် ”

”ချန်းယောလ်
ဒါလေး မြည်းကြည့်ပေး
Vanilla cupcake အသစ်လုပ်ထားတာ ”

ပန်းကန်အသေးလေးနဲ့ ထည့်ထားတဲ့ မုန့်လေးကို ချန်းယောလ်စီ ပေး လာပြီး
တဆက်ထဲ ချန်းယောလ် ရှေ့ ဝင်ထိုင်လာ၏
မေးအောက် လက်လေးထောက်ကာ မျက်လုံးရောင် တလဲ့လဲ့နဲ့
ချန်းယောလ်ရဲ့ မြည်းစမ်းမှု အရသာကို သိချင်နေသည်။

ခပ်အိအိ ကိတ်သားလေးက ပါးစပ်ထဲ အရသာ နူးနူးညံ့ညံ့ နဲ့
အပေါ် ခရင်မ်ကလည်း နဂို အစိမ့်အရသာကိုမှ
ပိုတိုးလို့ အရသာရှိရှိလေး

တစ်ကိုက်လောက် မြည်းကြည့်ရာကနေ တစ်ခုလုံး စားပစ်လိုက်သည်။

ဘတ်ဟျွန်းက နှုတ်ခမ်းလေးကိုက်ကာနဲ့ ချန်းယောလ် ပြောမှာကို စောင့်နေသည်။

”ဘတ်ဟျွန်းနီ လိုပဲ နူးညံ့တယ် ”

ချန်းယောလ်ရဲ့ စကားမှာ ဘတ်ဟျွန်း မျက်နှာတွေ နီမတတ်ဘဲ.. ။
ဘတ်ဟျွန်းရဲ့ မျက်နှာ နီနီလေးကို ကြည့်ပြီး အသံမထွက်အောင် ရယ်လိုက်မိတယ်

”အရသာ ရှိတယ်
ကိုယ်ကတော့ ထပ်စားချင်လောက်အောင် ကြိုက်တယ်... ”

”အဲ့ဒါဆို menu အသစ်အနေနဲ့ ထည့်လိုက်တော့မယ်
ချန်းယောလ်ရဲ့ ထောက်ခံချက်နဲ့နော် ”

”ကိုယ့်ကို ပါဆယ် ထည့်ပေးပါလား
ကိုယ့် လုပ်ဖော်ကိုင်ဖက် တွေကို ကျွေးချင်လို့ ”

My Heart Leaps Up {{Completed}}Where stories live. Discover now