စိတ်ထဲ မတင်မကျကြီးနဲ့
ချန်းယောလ် နေရခက်နေသည်။မိန်းကလေး က ဘယ်သူလဲ ဆိုတဲ့ အတွေးက သူ့ကို လောင်မြိုက်စေတယ်
လွှတ်ပေးချင်ခဲ့တယ်.. အခြားသူနဲ့ဆို ပိုပျော်ရွှင်နိုင်မှာပဲ လို့ တွေးခဲ့တယ်
ဒါပေမဲ့ အဲ့အတွေးတွေအားလုံးက ကောင်လေးကို အခြားတစ်ယောက်နဲ့ တွဲမြင်လိုက်ရတဲ့ အချိန်မှာ ရေစုန်မျောသွားပြန်တယ်စိတ်ရှုပ်လာရတာမလို့ ဆံပင်တွေကြား လက်ထိုးထည့်ကာ ထိုးဖွပစ်လိုက်တယ်
စိတ်ပင်ပန်းလိုက်တာ
ကိုယ်ကိုကိုယ်လည်း ဘာဖြစ်ချင်မှန်း မသိတော့ဘူး ကောင်လေးရယ်နောက်ဆုံးတော့ အိပ်ယာပေါ်က ထလိုက်ပြီး အပေါ်အင်္ကျီတစ်ထည် ကောက်ယူကာ ချန်းယောလ် အိမ်ထဲက ထွက်လာလိုက်သည်။
အပြင်ရောက်တော့ အခုမှ အလင်းလာစ
မနက်ဝေလီဝေလင်းအချိန် ပဲ ရှိသေးသည်။
အချိန်တောင် သတိမထားမိတဲ့အထိ သူ စိတ်တွေ လောနေတာပဲကားမောင်းနေတဲ့ အရှိန်က မြန်ဆန်နေတယ် ခဏလေးအတွင်းမှာပဲ ဘတ်ဟျွန်း ဆ်ိုင်ရှိရာ သူ ရောက်သွား၏
ဆ်ိုင်မဖွင့်သေးမှန်း သိတယ် ဒါမဲ့လည်း...
တစ်ဖက်ထောင့်ခြမ်းလေးမှာ ဒူးနှစ်ဖက်ထောင်လျက်နဲ့ ချန်းယောလ် ငုတ်ထုတ်ထိုင်နေသည်။
သိချင်စိတ်နဲ့ သူနေရခက်နေတယ့အချိန်က မနက် ခြောက်နာရီခွဲ
ခြေထောက်တွေ ထုံပြီး ထူပူနေပြီ
ဒါပေမဲ့ မထဖြစ်ဘူးတဖြည်းဖြည်း မိုးစက်လေးတွေ တဖွဲဖွဲနဲ့ ကျဆင်းလာသည်။
အကာအကွယ် တံဆက်မြိတ်က သေးတာမလို့ သူ့ကို သိပ်မလုံစေ ဖြစ်နေသည်။
မရပ်တန့်တဲ့အပြင် နည်းနည်းများလာတဲ့ မိုးရေစက်တို့က ကြာလာတော့ ကိုယ်တစ်ဖက်ခြမ်းကို ရွဲရွဲစိုစေလာပြီ...။အတွင်းအင်္ကျီတွေထဲ စိုစိုရွဲတဲ့အထိ... ။”ချန်းယောလ်!! ”
ဘတ်ဟျွန်းလက်ထဲက ထီးကို ပစ်ချလိုက်ပြီး ချန်းယောလ်စီ ပြေးသွားသည်။
မိုးရေတွေရဲ့ အေးစက်မှုဒဏ်ကြောင့် ချန်းယောလ် မျက်နှာက အရောင်ဖျော့နေသည်။တုန်ယင်နေတဲ့ နှုတ်ခမ်းက ထွက်လာတဲ့ စကားက "ဘတ်ဟျွန်းနီ" တဲ့
YOU ARE READING
My Heart Leaps Up {{Completed}}
Fanfictionတဖြည်းဖြည်း မင်းကြောင့် ရင်ခုန်တတ်လာပြီ တဖြည်းဖြည်း မင်းကြောင့် ရင်ခုန်တတ်လာပြီ ChanBaek