[Zawgyi]
”ဒီနေ့တော့ မမြင်ပါလား ”ပတ်ဝန်းကျင်ကို ဟိုကြည့် ဒီကြည့်လုပ်ရင်းကနေ ရှာနေတဲ့လူကို မတွေ့တာကြောင့် ဝယ်လက်စ ပစ္စည်းတွေကိုသာ ခြင်းထဲ ရွေးထည့်လိုက်သည်။
တစ်ပတ်
နှစ်ပတ်
Mart ကို မှန်မှန် သွားခဲ့ပေမဲ့ သူ့ကို ကူညီပေးခဲ့တဲ့ chanyeol ကို ထပ်မတွေ့ ခဲ့ရဘူး.....
”ပိုက်ဆံ ပြန်ဆပ်မလို့ဟာကို ”
Mart ရှေ့မှာ ပလစ်စတစ် အိတ်လေး ယမ်းရင်းကနေ လာလိမ့်မလား ဆိုတဲ့ စိတ်နဲ့အတူ
အနားက ခုံလေးတစ်ခုမှာ ဝင်ထိုင်ရင်း အနီးအနားကို လိုက်ကြည့်နေခဲ့တယ်...ညနေသာ စောင်းသွားတယ် သူ့ကို ကူညီဖူးတဲ့ လူကို မတွေ့ခဲ့ပြန်ဘူး..
ဒီနေ့လည်း တပ်ဆုပ်ရပြန်ပြီပဲ...ပလစ်စတစ်အိတ်လေး ဝှေ့ယမ်းပြီး baekhyun လှည့်ထွက်သွားချိန်...
ဖုန်းပြောရင်း mart ထဲကိုသာ တစိုက်မတ်မတ် ဝင်သွားတဲ့ အရပ်ရှည်ရှည် လူတစ်ယောက်နှစ်ပတ်လောက်ထိ baekhyun ရှာနေတဲ့ လူက
သူ နောက်ကျောပေးထွက်သွားလိုက်တဲ့ အချိန်မှ ထိုနေရာကို ရောက်ရှိလာခဲ့သည်။
လွဲချော်မှုနဲ့အတူ နှစ်ယောက်သား တွေ့ဆုံခြင်း မရှိခဲ့သေးဘူးသို့သော်လည်း............
”အ.. ”
ပစ္စည်းပို့ပေးပြီး ပြန်လာတဲ့ လမ်းမှာ မိမိနဲ့ မျက်နှာချင်းဆိုင် လျှောက်လာတဲ့ လူတစ်ယောက်နဲ့ ပခုံးချင်း ဝင်တိုက်မိလိုက်တဲ့အခိုက်
လက်ထဲက စက္ကူအိတ်လေးက လွတ်ကျသွားသလို လူကလည်း ယိုင်နဲ့နဲ့ ဖြစ်သွားတယ်
ပခုံးလည်း နာသွားတယ်ဘယ်လောက်တောင်များ အရေးကြီးနေလို့ပါလိမ့်
လမ်းလျှောက်နေတဲ့ လူကိုတောင် မမြင်ရအောင်..ကိုယ့်ကြောင့် လဲကျမလို ဖြစ်သွားတာတောင် မကူညီတဲ့အပြင် တိုက်သွားတဲ့လူက တောင်းပန်စကားတောင် မပြောဘဲ ခပ်သုတ်သုတ် ထွက်သွား၏
စိတ်တိုသွားပေမဲ့လည်း အရေးကြီးကိစ္စရှိလို့နေမှာပေါ့ လို့ပဲ ဖြည့်တွေးပေးလိုက်ပြီး
လမ်းမပေါ်ထိုင်ချကာ စက္ကူအိတ်ထဲက ထွက်ကျသွားတဲ့ ပစ္စည်းတွေကိုသာ လိုက်ကောက်နေလိုက်သည်။

KAMU SEDANG MEMBACA
My Heart Leaps Up {{Completed}}
Fiksi Penggemarတဖြည်းဖြည်း မင်းကြောင့် ရင်ခုန်တတ်လာပြီ တဖြည်းဖြည်း မင်းကြောင့် ရင်ခုန်တတ်လာပြီ ChanBaek