ဘတ်ဟျွန်းဘက်က ဒီတစ်ခါတော့ ချန်းယောလ်ကို တကယ်ရှောင်နေတာပဲ
နေ့တိုင်းနီးပါး အိမ်ကို လာနေတဲ့ ချန်းယောလ်ခမျာ အခုထိ တစ်နေ့လေးတောင် ဘတ်ဟျွန်းနဲ့ မတွေ့နိုင်သေးဘဲ အိမ်ပြန်နေရသည်။
ဒါပေမဲ့ လွန်ခဲ့တဲ့ သုံးရက်ကစပြီး ချန်းယောလ်ရဲ့ အိမ်လာမှုတွေက ရပ်တန့်သွားတယ်
ဘတ်ဟျွန်းအတွက် အနှောင့်အယှက် ဖြစ်စေ နေတယ် ထင်လို့ မလာတော့တာကို ဘတ်ဟျွန်း ရိပ်မိပါ့မလား.
”ငါ အိမ်စုံစမ်းမလို့ အိမ်အကျိုးဆောင်ရုံးကို ဒီနေ့သွားမှာ ”
”အိမ်ပြောင်းတော့မလို့လား ”
”အွန်း ”
မနက်စာ ပန်းကန်ကို ဘေစင်ထဲထည့်ကာ ဆေးကြောပြီး ဘတ်ဟျွန်း အိမ်က ထွက်လာလိုက်တော့တယ်
အပြင်ဘက်မှာ မိုးဖွဲဖွဲလေးတွေ ကျနေတာပဲ
စိုစွတ်စွတ်ဖြစ်စေတာကို မကြိုက်ပေမဲ့ ဒီနေ့တော့ မိုးဖွဲလေးတွေ ကျဆင်းနေတာကို သဘောကျပြီး လိုက်ကြည့်နေမိသည်။
ဘတ်စ်ကားမှန်တံခါးကနေ စီးကျနေတဲ့ မိုးဖွဲလေးတွေက သိပ်လှတာပဲ...မှတ်တိုင်ဆင်းတဲ့အထိ မတိတ်သေးတဲ့ မိုးဖွဲတွေ
ဒီနေ့မှ ခေါင်းစွပ်ပါတဲ့ အပေါ်ထပ်အင်္ကျီဝတ်လာမိတာတော်သေးတယ် ပြောရမယ်
ထီးမပါလာတာရယ် မိုးဖွဲသာသာပဲမလို့ အကွာအဝေးက နည်းနည်းတော့ ဝေးပေမဲ့ ခေါင်းစွပ် စွပ်ပြီး ဆိုင်ရှိရာကို ပြေးဖို့ပဲ လုပ်လိုက်တော့သည်။ဆိုင်ရဲ့ တံဆက်မြိတ်နေရာလေးက သူ့ကို နည်းနည်းတော့ လုံခြုံသွားစေသည်။သော့မြန်မြန် ဖွင့်ပြီး ဆိုင်ထဲ ဝင်လိုက်တော့၏
တစ်ဖက်က ချန်းယောလ်သည် ပြတင်းပေါက်ကတစ်ဆင့် ဘတ်ဟျွန်းရဲ့လှုပ်ရှားမှုတွေ ကို ကြည့်နေခဲ့သည်။
”မိုးဖွဲလေးဆိုပေမဲ့လည်း မင်းက ကိုယ့်ကိုကိုယ် ဂရုမစိုက်လိုက်တာ ကောင်လေးရာ ”
သူ့ကို စိတ်ဆိုးနေတဲ့ ကောင်လေး
အနားကပ်လို့မရသေးဘဲ အဝေးကပဲ စိတ်ပူနေရတာ သူလည်း ရင်ထဲ နာကျင်လှပြီ
YOU ARE READING
My Heart Leaps Up {{Completed}}
Fanfictionတဖြည်းဖြည်း မင်းကြောင့် ရင်ခုန်တတ်လာပြီ တဖြည်းဖြည်း မင်းကြောင့် ရင်ခုန်တတ်လာပြီ ChanBaek