[Unicode]
အိတ်ထဲ ဒီတိုင်းထိုးထည့်ထားတဲ့ ပိုက်ဆံတစ်ထပ်ကို တွေ့တော့ ဟိုကောင်လေးကို သတိရမိသည်။
တစ်ဆက်ထဲလည်း တွေးမိသည်။
”စနေနေ့ တွေ့ဖို့ ဖုန်းဆက်ပါ့မလား ” လို့အဲ့နေ့က အရေးကြီး အမှုသည် ရှိလာလို့ ကောင်လေး ဖုန်းနံပါတ်တောင် မယူခဲ့ရဘဲ သူ့ဖုန်းပဲ ပေးခဲ့လိုက်ရတာ
ပြောရရင် အကြောင်းပြချက်ရေရေရာရာတော့ မရှိဘူး အဲ့ကောင်လေးကို ထပ်တွေ့ချင်သေးတာတော့ အမှန်ပဲ
သူ့သား မင်နီ လို ကောင်လေးကလည်း ချစ်ဖို့ကောင်းတယ် လို့ တွေးထင်မိသည်။”Daddy ”
”Mininee ah!
ဒီည daddy နဲ့ တူတူအိပ်မလားDaddy ခွေးပေါက်လေးနဲ့ အတူမရှိရတာတောင် ကြာပြီ ”
ဖောင်းကားနေတဲ့ ပါးသေးသေးလေးကို တရှုံရှုံနမ်းတော့ မင်နီက တခစ်ခစ်နဲ့
ဒီကလေးက သူ့ပါးကို နမ်းရင် သိပ်ကြိုက်တာ
မနမ်းရင်တောင် သူ့ရဲ့ ဖောင်းကားနေတဲ့ ပါးကြီးကို ထိုးပေးရင်း အနမ်းတောင်းတတ်တဲ့ ခွေးပေါက်လေး”မင်နီကို ကတိပေး ထားတာ မမေ့နဲ့ဦးနော် ဒယ်ဒီ ”
”Daddy က ဘာကတိ ပေး ထားလို့လဲ ခွေးပေါက်လေးကို ”
လက်သေးသေးလေးကိုယူကာ chanyeol သူ့လက်ပေါ် တဖက်ဖက်ရိုက်ရင်း ပြောတော့
”Cupcake Cupcake
မုန့်ဆိုင် တူတူ သွားမယ်ဆို
မင်နီကို လိုက်ပို့မယ်လို့ ဒယ်ဒီပဲကတိပေး ထားပြီးတော့ ”မင်နီကို ပေး ထားတဲ့ ကတိကို အလုပ်တွေ များနေလို့ မေ့နေတာ အမှန်ပဲ
Cupcake လေး~~
မေ့နေခဲ့တာ သူလည်း ကျိန်းသေပေါက် cupcake ဆိုင်လေးစီ သွားချင်ခဲ့တာ
အဲ့နေ့က စားခဲ့တဲ့ အရသာကိုတောင် သူမမေ့သေးဘူး”နောက်တစ်ပတ် သွားရအောင်
Daddy ဒီအပတ် မအားလို့ နော် ”နောက်တစ်ပတ် ထပ်ရွေ့လိုက်လို့ မင်နီက ဝမ်းနည်းသွားတဲ့ မျက်နှာလေးဖြစ်သွားပေမဲ့ ဂျီတော့ မဂျီကျဘူး
စနေနေ့ ဟိုကောင်လေးနဲ့ ချိန်းဆိုချက် ရှိလို့ မင်နီ
ကို cupcake ဆိုင်လိုက်ပို့ဖို့ နောက်ရွေ့လိုက်ရတဲ့ chanyeol က
စိတ်မဆိုးရအောင် သားဖြစ်သူကိုသာ စနေတယ်
YOU ARE READING
My Heart Leaps Up {{Completed}}
Fanfictionတဖြည်းဖြည်း မင်းကြောင့် ရင်ခုန်တတ်လာပြီ တဖြည်းဖြည်း မင်းကြောင့် ရင်ခုန်တတ်လာပြီ ChanBaek