Day (1)
ကောင်မလေးတစ်ယောက် လေယျာဉ်ပေါ်ကနေ စိတ်ညစ်ညစ်နဲ့ဆင်းလာတယ်... သူမအသွားချင်ဆုံးနေရာကို ရောက်ခဲ့တယ်... သူမကြည့်ချင်တဲ့ အရာတွေကြည့်ခဲ့ရတယ်... ဒါပေမယ့် သူမ မပျော်ဘူး... ဘယ်ပျော်မလဲ သူမ အတွေ့ချင်ဆုံးသူတွေနဲ့မှ မတွေ့ခဲ့ရတာ... အတွေ့ချင်ဆုံးသူတွေလို့ ပြောတာထက် သူမအတွေ့ချင်ဆုံး တစ်ယောက်နဲ့ မတွေ့ခဲ့ရတာလို့ ပြောရင် ပိုမှန်လိမ့်မယ်...လင်းလင်း အတွေ့ချင်ဆုံးလူဆိုတာ Himchan ပဲ... ဟုတ်တယ် B.A.P ရဲ့ Himchan... လင်းလင်းက B.A.P မန်ဘာ အကုန်လုံးကို ကြိုက်တယ်... ဒါပေမယ့် Himchan ကိုတော့ အသည်းစွဲ... သူမအခုသွားခဲ့တဲ့ နေရာကလည်း ကိုရီးယားနိုင်ငံလေ... သူမတစ်ယောက်ထဲဆိုရင်တော့ သွားဖြစ်ခဲ့မှာ မဟုတ်ဘူး... အခုက သူမအိမ်နီးနားချင်းလည်းဖြစ် ကိုရီးယား လူမျိုးလည်း ဖြစ်တဲ့ အခင်ဆုံးငယ်သူငယ်ချင်းက ကိုရီးယားကို မိသားစုလိုက် အပြီးပြန်သွားပြီဖြစ်တဲ့အတွက် သူတို့နဲ့အတူ နှစ်ပတ်လောက် အလည်လိုက်သွားတာ...
အဲ့ဒီ ငယ်သူငယ်ချင်းကြောင့်ပဲ လင်းလင်းလည်း K-pop ကြိုက်တတ်လာခဲ့တာ... လင်းလင်းတို့နေတဲ့ ရပ်ကွက်မှာက ကိုရီးယား လူမျိုးတွေပေါတယ်... ကိုရီးယား ရပ်ကွက်လိုကိုဖြစ်လို့... တရုတ်တန်းတို့ ဘာတို့လို... ကိုရီးယားတန်းပေါ့... ငယ်ငယ်လေးကတည်းက ဒီမှာပဲကြီးလာတော့ လင်းလင်းတစ်ယောက် ကိုရီးယားစကားလည်း အတန်သင့် ပြောတတ်တယ်...
ကိုရီးယားရောက်တော့လည်း သူမငယ်ချင်းရဲ့ အကူအညီနဲ့ နေရာစုံရောက်ခဲ့ကြတယ်... B.A.P အဖွဲ့နောက်ကိုလည်း stalk ဖို့ကြိုးစားခဲ့ကြသေးတယ်... ဒါပေမယ့်လည်း ကိုယ့်နိုင်ငံ ကိုယ့်ဒေသမဟုတ်တာရယ်၊ ၀ါနုသေးတာရယ်ကြောင့် မအောင်မြင်ခဲ့ကြပါဘူး... ဒီတော့ စိတ်ပျက်လက်ပျက်နဲ့ပဲ နှစ်ပတ်အပြည့်မှာ ကိုယ့်နိုင်ငံကိုယ် ပြန်လာခဲ့တယ်...
တကယ်က လင်းလင်းအရမ်းတွေ့ချင်နေတဲ့ Himchan က လင်းလင်းနဲ့ လေယျာဉ်တစ်စီးထဲပေါ်မှာ အတူတူပါလာတာ... သူတစ်ယောက်ထဲမဟုတ်ဘူး... ဒါပေမယ့် တစ်ဖွဲ့လုံးတော့လည်း မဟုတ်ပြန်ဘူး... Himchan နဲ့ Daehyun နှစ်ယောက်ထဲရယ်... တခြား ၀န်ထမ်းတချို့တော့ပါတာပေါ့... သူတို့ ပါလာတာသာ လင်းလင်းသိရင် နေရာမှာတင် heart attack ရပြီး ဆေးရုံရောက်နိုင်တယ်... ဒါကြောင့် လင်းလင်း အခုနေ မသိသေးတာပဲကောင်းပါတယ်...
YOU ARE READING
Baby! You're My Lovesick [Completed]
FanfictionBAP Myanmar Fanfiction By Yamin Ohmar (Yamin Mato)