Characters Intro

24.8K 804 30
                                    

( Unicode )

-

-

-

ညဥ့်နက်မင်းခေါင်
______________

အမှောင်ယံထက်မည်းနက်စရာမရှိတဲ့ လောက
အိပ်မရတဲ့ လမိုက်ညတွေ ၊  အထင်ကရ
ပုံရိပ်တစ်ချို့သည်ရင်မှာ ကပ်ကာလူးလို့ ၊
ရောင်စုံကြယ်တွေကို သိမ်ငယ် သွားစေတဲ့
အညိုရောင် တိမ်တွေထဲ အရှုံးသမား
-တစ်ယောက်လို နစ်မွန်းမိခဲ့တယ် ။

မေ့ပျောက်မရနိုင်တော့သည့် ၊ အပြာရောင်
မင်းမျက်ဝန်းများရှေ့. . .၊ အရာရာဟာ
မင်းတစ်ခွန်းတိုင်း စတေး လည်စင်းပေးဖို့
အသိမဲ့သူ တစ်ယောက်လို ဒူးထောက်ခဲ့. . .
အချိုမပါတဲ့ လက္ဘက်ရည်ကြမ်းလို
ကြာရှည်လေ ၊ ငြိစွန်းလေ ဖြစ်လာခဲ့သော
အကြောင်းတရားတွေမှာ အရာရာမေ့ပြီး
တစ်ခုတ်တစ်ယ ငေးခဲ့တယ် ။

ဖြည့်ဆည်းပေးမယ့် မင်းလိုရာတွေ. . .။
သေစေနိုင်လောက်တဲ့ မင်းအမုန်းတွေ. . .။
အသားနာတာထက် ပိုသာလွန်တဲ့
မင်းပစ်ပယ်ခြင်း ဝေဒနာတွေ. . . ။
အငြိုးအတေး ကြီးမားလွန်းတဲ့
မင်းရဲ့ လက်စားခြေလိုခြင်းတွေ. . .။
အရိုးစွဲမတတ် လက်ကိုင်ထားတဲ့ မင်းခံယူချက်
ဆောင်ပုဒ်တွေ ။ တားမရအောင် အဝေးသို့
ပျံသန်းသွားချင်နေတဲ့ မင်းပိုင်ဆိုင်သော
အမုန်း အတက်အလက် တွေ ။

အရှုံးသမား တစ်ယောက်ကို ငဲ့ညှာတတ်တဲ့
လမ်းမရှိသော အနိုင်ရသူ တစ်ယောက်ပမာ ၊
ချစ်ရက် နဲ့ ပျောက်ကွယ်သွားဖို့
ကြိုးစားနေသူ မင်းအတွက်. . .။

ခုတ်ဖို့ရာ မြှောက်လွှဲလိုက်တဲ့ လက်တစ်ဖက်
အချစ်ကြောင့် အဆစ်လွဲခဲ့ရသလို ၊
တုံ့ပြန် လိုပါရက်နဲ့ ဖြစ်မြောက်အောင်
မလုပ်ရက်တဲ့ မင်း ကရုဏာတိုင်းအတွက်. . .။

ဝါဆို နဲ့ အတူ စီးလာတဲ့ မိုးရေ တွမှာ
အပြစ်မဲ့ သွေးစက်တွေ ပါရသလို ၊
ဝါခေါင်နဲ့အတူ စီးမျောသွားတဲ့
မြစ်ကျန်ရေမှာ မင်း နှလုံးသား တစ်စုံ
လိမ်ညာ နစ်ဝင် လာခဲ့ရတဲ့ အတွက် ။

မင်းသည် သာ လောက ၊
မင်းသည် သာ သခင် အဖြစ် ၊

မင်းသည်သာ ကောင်းကင် ၊
မင်းသည်သာ တိမ်ဆိုင် အဖြစ် ၊

ဝါဆိုမိုးစွေ လွမ်းရက်ရှည် ( ဝါဆိုမိုးစွေ လွမ်းရက်ရှည် ) [ Completed ]Where stories live. Discover now