Unicode#
မိုးတွေက ဒီနေ့မှပင် ပိုသည်းနေသလို..
မိုးရွာလို့ အချမ်းဓာတ်ပိုနေပေမယ့် Wang ဘုရင်မင်းမြတ်ကတော့ ဇောချွေးတွေပြန်လျှက်..
သူထင်ထားသလို စစ်က အရေးမသာခဲ့
စစ်မြေပြင်ကို သားတော်ကိုယ်တိုင် လိုက်သွားတာမို့ စိုးရိမ်နေမိသည်။
စစ်ရှုံးရင်တောင် အဆိုးဆုံးမဖြစ်ဖို့သာ ဆုတောင်းရပေမည်။
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
Xiao ဘုရင်သည် တိုက်ပွဲ အလီလီ ကျော်ဖြတ်ခဲ့သူဖြစ်ရကား ဤတိုက်ပွဲသည် အသာလေးနိုင်သည်ကို သိသည်။
ထို့ကြောင့် အချိန်ဆွဲမနေပဲ ခေါင်းဆောင်ဆီကိုသာ ထိုးဖောက်လာခဲ့သည်။
ခေါင်းဆောင်နှင့် ထိပ်တိုက်ဆုံတော့ Xiao ဘုရင် အံ့သြရပါသည်။
**ဟိုနေ့က ငါတွေ့တဲ့ ကောင်လေးပါလား....**
**မင်းကို သိမ်းပိုက်နိုင်ဖို့ဆို ငါက အင်အားရှိနေမှ မဟုတ်လား.. ငါ ကျရှုံးလို့မရဘူးလေ.. အချစ်နဲ့ စစ်မှာ မတရားတာမှ မရှိတာ**Xiao လည်း အချိန်ဆွဲမနေဘဲ ကောင်လေးဆီ အလျှင်အမြန်တိုက်ခိုက်ရင်း ကောင်လေးကို ဖမ်းချုပ်ထားလိုက်သည်။
"ဟေ့...... အားလုံး လက်နက်ချစမ်း.....မင်းတို့ ခေါင်းဆောင် ငါ့လက်ထဲမှာနော်..."
ပြောသာပြောရသည်။ မထိရက်ပါ။
ဓားနှင့်သာ ရွယ်ထားရသည်။ ကိုယ်ချစ်တဲ့သူကို လက်ဖျားနှင့်ပင် ဒဏ်ရာရအောင်မလုပ်ရက်။
အခွင့်အရေးလည်းမရှိတော့တာမို့ ၀မ်စစ်သားများအားလုံး လက်နက်ချ အညံ့ခံလိုက်ရသည်။
ထို့နောက်တွင်မူ Xiao ဘုရင်သည် စစ်မြေပြင်မှသည် ယောက္ခမမြေပြင် အဲလေ ၀မ်နန်းတော်သို့........
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
"Xiaoဘုရင်မင်းမြတ် ကြွချီတော်မူလာပါတယ်"
ရဲမက်တစ်ဦး၏ အော်သံနှင့်အတူ နန်းတွင်းတစ်ခုလုံးလှုပ်လှုပ်ရွရွ
Xiao ဘုရင်၀င်လာသော အခါ အားလုံးငြိမ်ကျသွားရသည်။
Xiao ဘုရင်နှင့်အတူ စစ်သူကြီး Lan Xin Yi ထို့အတူ ၀မ်အိမ်ရှေ့စံ
YOU ARE READING
YOU ARE MY SKY(completed)
Romanceဒါက ကျွန်တော့်ရဲ့ ပထမဆုံး Zhanyi fic ပါ Male author မို့ စာအရေးအသားညံ့ခဲ့သည်ရှိသော် ခွင့်လွှတ်ပေးကြပါရန် ကြိုပြီး တောင်းပန်ပါတယ်။ ဤဇာတ်လမ်း ဇာတ်ကွက်နှင့် အဖြစ်အပျက်များသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေလိုခြင်းမရှိပါကြောင်း တင်ပြအပ်ပါသည်။ ဒါက...