👬Ep 13👬

4.7K 302 14
                                    

Unicode#

Xiao Zhan တစ်ယောက် တစ်မနက်လုံး ခရီးနှင်လာရတာ ပင်ပန်းလှသည်။

သိပ်မကြာခင်မှာ Xiao နိုင်ငံဆီ ပြန်ရောက်တော့မှာ ဆိုပေမယ့် ခဏနားမှ ဖြစ်မည်။ဒါ့ကြောင့်

"ဝမ်အထိန်းတော်......ငါတို့ ခဏနားရအောင်လေ.......ငါ ဗိုက်လည်း နည်းနည်းဆာနေလို့......"

"ကောင်းပါပြီ......အရှင်......"

Xiao Zhan တစ်ယောက် မုန့်တွေ ငုံ့စားနေတုန်း သမားတော် မော့ရှမ်းလီရဲ့ တွန်းထုတ်ခံလိုက်ရမှုနှင့် အတူ မျက်နှာနားက ဖြတ်သွားတဲ့ မြှားတစ်စင်းက သစ်ပင်မှာ စိုက်လျှက်........

"အရှင်.......သတိထားတော်မူပါ......လုပ်ကြံသူတွေ ရှိတယ်......"

Xiao Zhan လည်း အသင့်ပါလာတဲ့ လေးမြှားကို ထုတ်လိုက်တော့ ချုံတွေထဲကနေ ထွက်လာတဲ့ မျက်နှာဖုံးစွပ်အယောက် ၂၀

Xiao Zhan တို့သုံးယောက် ကျောချင်းပူးကပ်လိုက်ကြတော့ မျက်နှာဖုံးစွပ်လူသား ၂၀ က သူတို့ကို ပတ်ပတ်လည် ဝိုင်းထားကြသည်။

ထိုစဉ်.......

ဘယ်က ထွက်ပေါ်လာမှန်းမသိတဲ့ မြှားငါးစင်းက မျက်နှာဖုံးစွပ် ငါးယောက်၏ ရင်ဝတည့်တည့်သို့......

"ဟာ......."

မြှားလာရာကို လှမ်းကြည့်မိပေမယ့် ဘာဆို ဘာမှ မတွေ့ရသလို သစ်ရွက်တို့ လှုပ်ရှားခြင်းသည်ပင်လျှင် အလျဉ်းမရှိ

အကုန်အံ့သြနေစဉ်မှာပင် နောက်ကျောဘက်ကနေ ပျံသန်းလာတဲ့ မြှားငါးစင်းက နောက်ထပ် မျက်နှာဖုံးစွပ် ၅ယောက်၏ နောက်ကျောမှ ရှေ့ရင်ဘတ်ထိ ထုတ်ချင်းထိုးသွားတာမို့ ကျန်သူက ၁၀ယောက်သာ......

ထိုစဉ်မှာပင် မျက်နှာကို ပုဝါအဖြူ ပတ်ထားသည့် လူငယ်နှစ်ယောက်က မိုးပေါ်မှ ဆင်းသက်လာသည့် နတ်သားနှစ်ပါးသဖွယ် အောက်သို့ ရောက်ရှိလာခဲ့သည်။

ထိုစဉ်မှာပင်......

ထိုလူငယ်နှစ်ယောက်က မျက်နှာဖုံးစွပ် ၁၀ယောက်လုံးကို မြှားနဲ့ ချိန်ထားတာမို့ မျက်နှာဖုံးစွပ်၁၀ယောက်လုံးလည်း အခြေအနေမလှတာကို သိတာကြောင့် ထွက်ပြးသွားကြသည်။

YOU ARE MY SKY(completed)Where stories live. Discover now