Unicode#
Yibo အိပ်ယာက နိုးလာချိန် နေပင်အတော်စောင်းနေပြီဖြစ်သည်။
မိမိကိုယ်ကိုယ်မိမိပြန်ဆန်းစစ်ကြည့်တော့ အောက်ပိုင်းက နဲနဲနာတာကို သိလိုက်သည်။ ထို့အတူ မိမိခန္ဓာကိုယ်ပေါ်တွင် ဘာအ၀တ်မှ ရှိမနေသည်ကိုပါ တစ်ပါတည်း သိလိုက်ရသည်။
သူ့ဘေးမှာတော့ အိပ်မောကျနေဆဲ Xiao Zhan
စောင်လေးကို အသာမကာ ကြည့်လိုက်တော့ Xiao Zhan လည်း အ၀တ်အစားတို့ ရှိမနေ
Yibo မျက်နှာတွေပူထူလာပြီး အိပ်ယာပေါ်က ဆင်းမယ် အလုပ် အနောက်ကနေ လှမ်းဖက်လိုက်တာကြောင့် Yibo လန့်သွားသည်။
"ဘယ်သွားမလို့လဲ..... ကို့ရဲ့ကလေးလေး...."
"ရေချိုးတော့မလို့လေဗျာ.... လူလည်း ညစ်ပတ်နေပြီ ....."
"ကိုနဲ့ အတူတူ ချိုးရအောင်လေ......"
"မချိုးချင်ပါဘူး.... ခင်ဗျားက နှာဘူးကြီး...."
Yibo ပြောလည်းပြောကာ အိပ်ယာကနေ ရုန်းထလို့ ရေချိုးခန်းဆီ ၀င်ခဲ့တော့သည်။ အထဲရောက်တော့ ရေချိုးခန်းတံခါးကိူပါ တစ်ခါတည်း ဂျက်ချထားလိုက်သည်။
Yibo ရေချိုးခန်းထဲ ၀င်သွားတော့မှ အိပ်ယာဘေးက စားပွဲပေါ်က ဖုန်းကို ကောက်ယူကာ Kan ဆီ ဖုန်းဆက်လိုက်သည်။
"ဟယ်လို Kan ငါမှာထားတဲ့ အတိုင်း လုပ်ပြီးပြီလား....."
"omm ပြီးပြီ......"
"အဲ့ဒါဆို ငါစောင့်နေမယ်....."
Xiao Zhan ဖုန်းပြောပြီးတော့ အ၀တ်အစား၀တ်ကာ မီးဖိုခန်းဆီ ဆင်းလာလိုက်ကာ ညစာစားဖို့ ဟင်းတွေ ချက်နေလိုက်သည်။
Yibo ရေချိုးခန်းက ထွက်လာချိန် မွှေးကြိုင်နေတဲ့ ဟင်းရနံ့ကြောင့် အိမ်အောက်ထပ်ဆင်းလာလိုက်သည်။
မီးဖိုခန်းထဲ ၀င်လိုက်တော့ ဟင်းချက်နေတဲ့ ချစ်လှစွာသော ယောကျ်ားဖြစ်သူ Xiao Zhan ကို မြင်တွေ့လိုက်ရသည်။
"ကိုကိုကတော့ ဟင်းတွေ သေချာချက်နေတာ ကျွန်တော်တောင် ဗိုက်ဆာလာပြီ......"
Yibo က Xiao Zhan ခါးလေးကို နောက်ကနေ သိုင်းဖက်လိုက်ရင်း ပြောလိုက်တော့ Xiao Zhan မျက်နှာလေး ပြုံးသွားပြီး နောက်ကို လှည့်လိုက်သည်။
YOU ARE READING
YOU ARE MY SKY(completed)
Storie d'amoreဒါက ကျွန်တော့်ရဲ့ ပထမဆုံး Zhanyi fic ပါ Male author မို့ စာအရေးအသားညံ့ခဲ့သည်ရှိသော် ခွင့်လွှတ်ပေးကြပါရန် ကြိုပြီး တောင်းပန်ပါတယ်။ ဤဇာတ်လမ်း ဇာတ်ကွက်နှင့် အဖြစ်အပျက်များသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေလိုခြင်းမရှိပါကြောင်း တင်ပြအပ်ပါသည်။ ဒါက...