Unicode#
Xiao Zhan နဲ့ Yibo တို့ရဲ့ ဟန်းနီးမွန်းလေးဟာ သုံးရက်သာ ကြာမြင့်ခဲ့သည်။ သူတို့ နှစ်ဉီးသား Kanနဲ့ Si Tu Fang တို့ရဲ့ မင်္ဂလာဆောင်ကိုလည်း သွားရမှာမို့ ပေကျင်းကို အမြန်ပြန်လာရသည်။
"ကလေး ကိုတို့ရဲ့ 1 year anniversary ကျမှ ကိုတို့ အတူတူ ကမ္ဘာ ပတ်ရအောင်..... "
"ရပါတယ် ကိုကိုရ ကျွန်တော်တို့ရဲ့ 1 year anniversary ကျရင် ကိုကိုနဲ့ ကျွန်တော်တို့ ဒီအတိုင်း အရိုးရှင်းဆုံး ဖြတ်သန်းမယ်.... ဒီအိမ်ထဲမှာပဲပေါ့ တစ်ဉီးကို တစ်ဉီး အပြန်အလှန် လက်ဆောင်လေးတွေပေးကြမယ်.... ကျွန်တော်တို့မှာ သားသားမီးမီးလေးတွေ ရှိလာရင် သူတို့ကို ဘယ်လို ပြုစုမယ် စသည်ဖြင့်ပေါ့...."
"ကိုကို့ကလေးလေး ရင့်ကျက်လာပြီပဲ.....ဒါပေမယ့် ကလေးနဲ့ အတူ ပြည်ပကို ခရီးအတူတူ ထွက်ဖူးချင်တယ်.....ဒါ့ကြောင့် ကိုက 1yr anni ကျရင် သွားလည်ရအောင်လို့ ပြောတာ......"
"ကိုကို့ သဘောပါဗျာ......"
ထိုအိမ်လေးအတွင်းဝယ်... ထိုလူသားလေးနှစ်ဉီး၏ ကြည်နူးစရာကောင်းသော ရီသံလေးများ ပျံ့လွင့်လျက်.....
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
ခမ်းနားလှသည့် မင်္ဂလာခန်းမကြီးအတွင်းဝယ် သတို့သားနှစ်ဦးဖြစ်သည့် Kanနဲ့ Si Tu Fang တို့ ဧည့်သည်များအား ဧည့်ခံလျှက်.....
တစ်ဦးက နိုင်ငံ့အဆင့် ၃ ကုမ္ပဏီ၏ အတွင်းရေးမှူးဖြစ်ပြီး တစ်ဦးက နိုင်ငံ့အဆင့် ၄ ကုမ္ပဏီပိုင်ရှင် သူ၎ေးကြီး၏ တစ်ဦးတည်းသောသား
လွန်ခဲ့သော ၈ လခန့်ကပင် ဤကဲ့သို့ ခမ်းနားသော မင်္ဂလာပွဲတစ်ခု ကျင်းပခဲ့သည် မဟုတ်ပါလား.....
သူတို့ကတော့ ပတ်ဝန်းကျင်ကို ဂရုမစိုက်အား....
မိမိ၏ ကြင်ယာတော်တို့ မျက်နှာသာ တစ်ကမ္ဘာ
"ဟျောင့်.....Xiao Zhan.... ငါ မနက်ဖြန် သန်ဘက်ခါ နှစ်ရက် ခွင့်ယူမယ်....."
"ပြောစရာ မလိုပါဘူးကွာ... ငါ နားလည်ပါတယ်..... "
မင်္ဂလာပွဲက အောင်မြင်စွာပင် ပြီးမြောက်သွားသည်။
YOU ARE READING
YOU ARE MY SKY(completed)
Romanceဒါက ကျွန်တော့်ရဲ့ ပထမဆုံး Zhanyi fic ပါ Male author မို့ စာအရေးအသားညံ့ခဲ့သည်ရှိသော် ခွင့်လွှတ်ပေးကြပါရန် ကြိုပြီး တောင်းပန်ပါတယ်။ ဤဇာတ်လမ်း ဇာတ်ကွက်နှင့် အဖြစ်အပျက်များသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေလိုခြင်းမရှိပါကြောင်း တင်ပြအပ်ပါသည်။ ဒါက...