Unicode#
Wan Yibo တစ်ယောက် နံနက်ခင်း၏ နေရောင်ခြည်နှင့်အတူ နိုးထလာခဲ့သည်။
ဒီနေ့ အလှဆုံး ၀တ်ရုံဝတ်ပြီး ညီလာခံဆီလာခဲ့ဖို့ Xiao မင်းမြတ်က အမှာတော်ပါးခဲ့တာမို့ Wan Yibo လည်း မျက်နှာသစ် ကိုယ်လက်သန့်စင်ကာ
အပြာနုရောင် ၀တ်ရုံကို ဆင်မြန်းလိုက်သည်။Wan နိုင်ငံရဲ့ အယူအဆအရ အိမ်ရှေ့စံတို့သည် သရဖူဆောင်းလေ့မရှိကြ။
အစိမ်းရောင် ခေါင်းစည်းကိုသာ ၀တ်ဆင်လေ့ရှိသည်။
ဤသည်ကား ၀မ်နိုင်ငံ၏ ထူးခြားချက်။
ထို အစိမ်းရောင် ခေါင်းစည်းသည် အိမ်ရှေ့စံတစ်ပါးတည်းသာ ဆင်မြန်းခွင့်ရရှိသော အရာဖြစ်သည်။Wan Yibo လည်း နံနက်စာသုံးဆောင်ပြီးသောအခါ ညီလာခံသဘင်သို့ ကြွခဲ့လိုက်တော့သည်။
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹ယနေ့ ညီလာခံသဘင်သည် ခါတိုင်းထက် ပို၍ စည်ကားနေသည်။
မည်သူတစ်ဉီးတစ်ယောက်မှ ညီလာခံ မတက်သည် မရှိစေရ..အကုန်တက်ရောက်ရမည် ဟူသော အမိန့်ကြောင့် ၀န်ကြီး စစ်သူကြီး အမတ်ကြီးများအားလုံးရောက်လာနေကြသည်။Xiao ဘုရင်သည် အရေးမကြီးလျှင် လိုအပ်သော ၀န်မင်းတို့နှင့်သာ ညီလာခံကျင်းပလေ့ရှိသည်။
အခုတွင်မူ အရေးကြီးနေမှန်း အားလုံးသိကြသည်။Wan Yibo လည်း ညီလာခံရောက်တော့ သင့်တော်တဲ့ နေရာမှာ နေရာယူကာ ငြိမ်သက်စွာ ထိုင်နေလိုက်သည်။
Wan Yibo ရောက်လာတော့ အားလုံး၏ အကြည့်က Wan Yibo ဆီ ဉီးတည်လာကြသည်။
အိမ်ရှေ့စံတစ်ပါးဖြစ်သော်လည်း မိဖုရားခေါင်ကြီးထက်ပင် ချောမောလှပနေသူမို့ အံ့သြစွာဖြင့်......
မကြာမီ.......
"Xiao မင်းမြတ် ညီလာခံသို့ ကြွချီတော်မူလာပါပြီ....."
Wan Yibo အပါအ၀င် အားလုံး မတ်တပ်ရပ်၍ ဂါဝရပြုလိုက်ကြသည်။
Xiao မင်းမြတ်လည်း လက်ထဲမှ အမိန့်စာတမ်းကို ဖြန့်ကာ......
" ငါ Xiao ဘုရင်သည်...မင်းကျင့်တရားနှင့်ညီညွတ်စွာ အုပ်ချုပ်၍ နေထိုင်ခဲ့ပါသည်။ ယခု ၀မ်နိုင်ငံအား သိမ်းပိုက်ပြီးချိန်တွင် လက်အောက်ခံနိုင်ငံ အဖြစ်မသွတ်သွင်းပဲ ၀မ်အိမ်ရှေ့စံအား ငါ့ထံဆက်သရန် တောင်းယူခဲ့ပါသည်။ ထိုစဉ် ၀မ်ဘုရင်မင်းမြတ်အား ကတိတစ်ခု ပေးအပ်ခဲ့ပါသည်။ ထိုကတိမှာ ငါသည် ၀မ်အိမ်ရှေ့စံအား တိုင်းပြည့်မိခင်၏ နေရာနှင့်တန်းတူ ရာထူးချီးမြှင့် မြှောက်စား၍ စောင့်ရှောက်ပါမည် ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ယနေ့မှ စ၍ ၀မ်အိမ်ရှေ့စံအား ကိုယ်လုပ်တော် အဆင့် ၁ ရာထူးအား ပေးအပ်ပါသည်။ ၀မ်အိမ်ရှေ့စံသည် အဆောင်အယောင်နှင့်တကွ အခြွေအရံများနှင့် တင့်တယ်စွာ နေထိုင်စေ....ပြီးလျှင် ငါဘုရင်မင်းမြတ်ထံ မပြတ်ခစား၍ အလုပ်အကျွေးပြုစေ
Xiao ဘုရင့် အမိန့်တော်......."
YOU ARE READING
YOU ARE MY SKY(completed)
Romanceဒါက ကျွန်တော့်ရဲ့ ပထမဆုံး Zhanyi fic ပါ Male author မို့ စာအရေးအသားညံ့ခဲ့သည်ရှိသော် ခွင့်လွှတ်ပေးကြပါရန် ကြိုပြီး တောင်းပန်ပါတယ်။ ဤဇာတ်လမ်း ဇာတ်ကွက်နှင့် အဖြစ်အပျက်များသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေလိုခြင်းမရှိပါကြောင်း တင်ပြအပ်ပါသည်။ ဒါက...