Yibo ရဲ့ မျက်နှာပေါ် မျက်ရည်စက်တစ်ချို့ ကျလာခြင်းနဲ့ အတူ Yibo တစ်ယောက် အတိတ်မှသည် ပြန်လည် နိုးထလာခဲ့သည်။
မျက်လုံးဖွင့်ဖွင့်ချင်း တွေ့လိုက်ရသည်က အရှင် Xiao Zhan ၏ ပူးဆွေးနေသော မျက်နှာ
"အရှင်........"
Yibo တစ်ယောက် တိုးတိုးလေးခေါ်လိုက်တော့ ၀မ်းနည်းနေတဲ့ အရှင့်မျက်နှာက ပြုံးယောင်သမ်းလာသည်။
"၀မ်လေး........သတိရလာပြီလား...."
"ဟုတ်ကဲ့...အရှင်....."
"တော်သေးတာပေါ့ ၀မ်လေးရာ ကို့မှာ စိတ်ပူလိုက်ရတာ.....ချယ်ရီပင်အောက်မှာ ရုတ်တရက် မူးလဲသွားလို့ ဆိုပြီး ကြက်တူရွေးလေးက လာပြီးပြောပြလို့ ကိုအမြန် လစ်ထွက်လာရတာ....."
"အရှင်......သမားတော်ရောက်လာပါပြီ......."
အထိန်းတော်ရဲ့ လျှောက်တင်လာမှုကြောင့် သမားတော်ကို အထဲ ၀င်စေကာ
"သမားတော်.....၀မ်လေးကို အကောင်းဆုံး စမ်းသပ်ကုသပေးပါ သမားတော်......"
"ဟုတ်ကဲ့ပါ သူဌေးလေး....."
သမာတော်လည်း ၀မ်ရိပေါ်ရဲ့ လက်ကောက်၀တ်လေးကို အသာယူကာ စမ်းသပ်ကြည့်တော့ မယုံနိုင်ဖွယ်ရာ ကိစ္စ.....
သမားတော်လည်း ခေါင်းခါယမ်းရင်း....
နောက်တစ်ခါ ထပ်စမ်းတော့ Xiao Zhan က စိတ်ပူစွာဖြင့်"သမားတော်......၀မ်လေး ဘာဖြစ်လို့လဲဟင်.....တစ်ခုခုဘာမကောင်းတာများ ဖြစ်နေလို့လဲ......"
သမားတော်လည်း အံ့သြသော မျက်နှာဖြင့်........
"သူဌေးလေး.......၀မ်သခင်လေးမှာထူးဆန်းစွာပဲ ပဋိသန္ဓေ ရှိနေပါတယ်......ဒါဟာ သာမန် ဖြစ်ရိုးဖြစ်စဥ် မဟုတ်......."
"ဘာဖြစ်တယ်....၀မ်လေးမှာ ဘာရှိနေတယ်....ပြန်ပြောပါ သမားတော်......"
စကားဖြတ်ပြောလိုက်တဲ့ Xiao Zhan ကြောင့် သမားတော်က ရှင်းလင်းစွာဖြင့်
"၀မ်သခင်လေးမှာ ကိုယ်၀န်ရှိနေပါတယ် သူဌေးလေး......."
Xiao Zhan လည်း အံ့သြစွာဖြင့် သမားတော်ကြီးရဲ့ လက်ကို ဆွဲယမ်းရင်း
YOU ARE READING
YOU ARE MY SKY(completed)
Romanceဒါက ကျွန်တော့်ရဲ့ ပထမဆုံး Zhanyi fic ပါ Male author မို့ စာအရေးအသားညံ့ခဲ့သည်ရှိသော် ခွင့်လွှတ်ပေးကြပါရန် ကြိုပြီး တောင်းပန်ပါတယ်။ ဤဇာတ်လမ်း ဇာတ်ကွက်နှင့် အဖြစ်အပျက်များသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေလိုခြင်းမရှိပါကြောင်း တင်ပြအပ်ပါသည်။ ဒါက...