Unicode#
"ဝါး........"
Lan Yibo တစ်ယောက် မနက်အိပ်ယာက နိုးလာတော့ သူစမ်းမိသည်က နူးညံ့သော အသားအရေ
မျက်လုံးစုံမွှားဖြင့် ကြည့်မိလိုက်ချိန်......
"အမေ့....."
သူရောက်နေသည်က ခုတင်ပေါ် ဖြစ်နေကြောင်းနှင့် သူလက်တင်ထားသည့်နေရာက ဦး Xiao ၏ ကြီးမားကျယ်ပြန့်သော ရင်ခွင်ကျယ်ကြီး
ရင်ဘတ်မွှေးရေးရေးတို့က ရိတ်ထားတာမျိုး
Yibo တစ်ယောက် အံ့သြ မှင်သက်မိတာ အတော်ကြာသည်အထိ
"ဦးကို ဘာတွေ အဲ့လောက်တောင် စိုက်ကြည့်နေရတာလဲ......."
Yibo လည်း ရှက်ကိုးရှက်ကန်းဖြင့်.....
"ကျနော် ဒီပေါ် ဘယ်လိုရောက်နေလဲဆိုတာ စဥ်းစားနေတာပါဗျ....."
"ဦး တစ်ရေးနိုးတော့ မင်း ဆိုဖာပေါ် ကွေးကွေးလေးအိပ်နေတာ မကြည့်ရက်လို့ ခုတင်ပေါ်တင်ပေးထားတာပါ.......ဦးနဲ့ အိပ်ရတာ အဆင်မပြေလို့လား....."
"မဟုတ်ပါဘူး ဦး Xiao ရ....ကျနော်က ပါးပါးတို့နဲ့ပဲ အတူတူ အိပ်ဖူးတာလေ....တစ်ခြားသူနဲ့ အတူတူ မအိပ်ဖူးလို့ပါ....."
"ဟုတ်ပါပြီ.....ကျောင်းသွားရမယ် မဟုတ်လား.....ဦး Xiao လိုက်ပို့မယ်....သွားပြင်ဆင်တော့လေ....."
"ဟုတ်...."
Xiao Zhan တစ်ယောက် သူ့ရှေ့ကနေ လုံးလုံး လုံးလုံးနဲ့ ထွက်သွားတဲ့ Yibo လေးကို လိုက်ကြည့်မိသည်အထိ.....
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
"ဟျောင့်....Yibo...မင်းကို ကျောင်းလိုက်ပို့တဲ့ ဘဲကြီးက အမိုက်စားပဲကွ
....body structure ရော type ရော ယောကျ်ားချင်းတောင် ငေးရတယ်ဟ ......မင်းနဲ့အတူလာတာဆိုတော့ ဧကန္တ မင်းဘဲလား...ဟျောင့်...."Lu Fan ရဲ့ ဆိုစကားကြောင့် Yibo တစ်ယောက် သောက်လက်စရေပင် သီးသွားရသည်။
"ချီးကို.....ငါ့ဘဲပါ့လား .....အဲ့ဒါ ငါ့အဖေရဲ့ ငယ်သူငယ်ချင်း.......ဦး Xiao Zhan တဲ့.......ငါတို့အိမ်ကို အလည်လာရင်း...သူက ကုမ္ပဏီပြန်မာကို ငါ့ကို လမ်းကြုံတယ် လိုက်ခဲ့ဆိုလို့ ငါလိုက်လာတာ...."
YOU ARE READING
YOU ARE MY SKY(completed)
Romanceဒါက ကျွန်တော့်ရဲ့ ပထမဆုံး Zhanyi fic ပါ Male author မို့ စာအရေးအသားညံ့ခဲ့သည်ရှိသော် ခွင့်လွှတ်ပေးကြပါရန် ကြိုပြီး တောင်းပန်ပါတယ်။ ဤဇာတ်လမ်း ဇာတ်ကွက်နှင့် အဖြစ်အပျက်များသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေလိုခြင်းမရှိပါကြောင်း တင်ပြအပ်ပါသည်။ ဒါက...