👬Ep 21👬

4.8K 307 12
                                    

Unicode#

အကောင်းတွေ ဖြစ်လာဖို့ အဆိုးတွေကို ကကျော်ဖြတ်ခဲ့ကြရတယ်.....
မင်းနဲ့ ကိုနဲ့ နီးဖို့ ဘ၀တစ်ခုပေးဆပ်ခဲ့တယ်
တန်ပါတယ်.......ကလေးရယ်.......

🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹

"သားရေ.......မနက် ၈နာရီရှိနေပြီနော်.....ကျောင်းစတက်မယ့်ရက်ကို ကျောင်းနောက်မကျရဘူးလေ......"

ဟုတ်သည်။Lan Yibo လေးရဲ့ အထက်တန်းနောက်ဆုံးနှစ်
ကျောင်းပြီး နှစ်လပိတ်တော့ အပျင်းထူတတ်လာပြီ။

Lan Yibo ရဲ့ မားမားအော်သံကြောင့် Yibo လေး အိပ်ယာထဲမှပင်.....

"မေမေကလဲ......"

ဟုဆိုကာ စောင်ခေါင်းမြီးခြုံလျှက် ပြန်အိပ်လိုက်သည်။
သိပ်မကြာပါ.....
မားမားရဲ့ ဒုတိယမြောက် နှိုးသံက ပေါ်ထွက်လာခဲ့သည်။

"သား ရိပေါ်ရေ.....ထတော့လို့ ပြောနေတယ်လေ......."

သို့သော် ရိပေါ်မထချင်သေး......

"ဟုတ်"

လို့ဆိုလိုက်ပေမယ့် အိပ်ယာက ဆွဲထားတာကြောင့် ထမရ။

လန်မားမားလည်း အတော်ကြာသည့်တိုင် သားဖြစ်သူ အိပ်ယာမှ မထသေးတာကြောင့်

"ရိပေါ်ရေ......."

ဟူ၍ အသံကုန်ဟစ်လိုက်ချိန်၀ယ်
ရိပေါ် မထ၍ မဖြစ်
ဒီတစ်ခါနှိုးလို့မှ မထရင် မားမားလက်ထဲက ဟင်းချက်နေသော ယောက်မသည် မိမိအတွက် ဖြစ်လာချေတော့မည်။
သို့မဟုတ်ပါကလည်း မားမားအမြဲဆောင်လေ့ရှိသည့် ကြိမ်တုတ်က နံနက်စာဖြစ်တော့မည်။

"ဟူး......အလုပ်တွေထဲမှာ အိပ်ယာက ထရတဲ့ အလုပ်က အခက်ဆုံးပဲ......အိပ်ယာလေးရေ......ညကျပြန်တွေ့မယ်နော်......"

ရိပေါ် ​တစ်ယောက် မျက်နှာသစ် အ၀တ်အစားလဲပြီးချိန်၀ယ် ရှစ်နာရီပင် ခွဲချေပြီ......

မနက်စာစားလျှင် ကျောင်း ၉ နာရီက မှီတော့ မှီမှာပါ......

တော်သေးသည်။
ကျောင်းနဲ့ အိမ်က တစ်လမ်းပဲ ခြားလို့...

မားမားက ဆရာမဆိုပေမယ့် ကျန်းမာရေးမကောင်းတာကြောွ့ ဆေးပင်စင်ယူလိုက်ရသည်။
ပါးပါးကတော့ ဆရာ၀န်ပေါ့......

YOU ARE MY SKY(completed)Where stories live. Discover now