Unicode##
လန်မိဖုရားတစ်ယောက် မနေ့က သူမျှော်နေသည့် အရှင် ရောက်မလာတာမို့ ဒီနေ့ တော်တော် စိတ်ဆိုးမိသည်။
အရှင်လာမည့်အထင်နှင့် စောင့်နေခဲ့ရသည်မှာ ညနက်တဲ့အထိ
အရှင်သည် မိမိကို လက်ထပ်သည်မှာ ချစ်လို့မဟုတ်မှန်းသိပေမယ့် အနေကြာလာလျှင် ချစ်လာမှာပါဆိုပြီး ဂရုစိုက်ပေးခဲ့သည်။
သို့သော် အရှင်သည် မပြောင်းလဲခဲ့......အတူတူ အာဝါဟ ဝိဝါဟဖို့မပြောနှင့် အတူအိပ်ရသည်ဆိုရယ်လို့ပင် မရှိ
မင်္ဂလာဦးညသည်လည်း ခြောက်ကပ်ခဲ့သလို အဆောင် တစ်ခုဆီမှာသာ အိပ်ကြရသည်။အရှင် မိမိဆီလာအိပ်ဖို့ဆိုသည်မှာ အနောက်ကနေသာ နေထွက်ချင်ထွက်မည်။မဖြစ်နိုင်သော ကိစ္စ
လန်မိဖုရားတစ်ယောက် မိမိအဖြစ်ကိုတွေးရင်း အရှင့်ကို စိတ်နာမိသည်အထိ...
မိမိမှာ ဘာမှ ပြစ်ချက်ရယ်လို့ တစ်ကယ်ပင်မရှိ။Xiao နိုင်ငံ၏ အလှပဆုံး တစ်ယောက်ဖြစ်သလို မိဖုရားအင်္ဂါနှင့်လည်း ပြည့်စုံပါလျှက်နဲ့ ဘာကြောင့်များ အရှင့်ရဲ့ အချစ်ဆုံး မဖြစ်ရတာလဲ။
လန်မိဖုရားတစ်ယောက် မနက်နိုးကတည်းက မျက်ရည်ကျမိသည်မှာ တစ်နေ့လုံးပင်.......
မိမိသည် အရှင့်ရဲ့ အချစ်ကို လိုချင်မိသည်။ ဘယ်လိုနည်းဖြင့် ရရ တောင့်တမိသည်။အရှင် ခဏလောက်ပင် ဂရုစိုက် မြတ်နိုးပေးလျှင် ကျေနပ်ရပါပြီ။
လန်မိဖုရားတစ်ယောက် နောက်ဆုံးကြံမိသည်က အရှင့်ကို မိမိဘက် စိတ်ယိုင်လာအောင် နတ်ဆရာမအကူအညီသာ ကျန်တော့သည်။
အဓိက က မိမိကို ချစ်လာဖို့သာ......ဒါ့ကြောင့် ညနေစောင်းစောင်းချင်း လန်မိဖုရားလည်း စိတ်ချရသည့် အထိန်းတော် တစ်ယောက်ကို ခေါ်ကာ ရုပ်ဖျက်ပြီး နတ်ဆရာမဆီ လာခဲ့တော့သည်။
"ဆရာမ.......ကျွန်မလေ အမှန်တိုင်းပြောတာပါ......အရှင့်ဆီက ကြင်နာမှုဆိုတာ ရရှိခဲ့တယ်လို့ မရှိပါဘူး....အရှင် ကျွန်မကို ချစ်မြတ်နိုးလာအောင် အစီအရင် လုပ်ပေးပါ......"
နတ်ဆရာမလည်း အာရုံခံကြည့်တော့ သိပ်ပြီး အဆင်မပြေနိုင်တာကြောင့်....
YOU ARE READING
YOU ARE MY SKY(completed)
Romanceဒါက ကျွန်တော့်ရဲ့ ပထမဆုံး Zhanyi fic ပါ Male author မို့ စာအရေးအသားညံ့ခဲ့သည်ရှိသော် ခွင့်လွှတ်ပေးကြပါရန် ကြိုပြီး တောင်းပန်ပါတယ်။ ဤဇာတ်လမ်း ဇာတ်ကွက်နှင့် အဖြစ်အပျက်များသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေလိုခြင်းမရှိပါကြောင်း တင်ပြအပ်ပါသည်။ ဒါက...