Unicode font#
***ကိုယ့်မှာ ရွေးချယ်စရာတွေအများကြီး ရှိလာရင်တောင် အခက်အခဲဆုံးအချိန်တွေမှာတောင် မင်းကို ရွေးချယ်မိနေတာမျိုး.......***
***မင်းနဲ့ အတူ နေရတဲ့ နေ့ရက်တွေက ကိုယ့်အတွက် သုခနိဗ္ဗာန်ပါပဲ........**
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
နန်းတော်ရောက်ကတည်းက Xiao Zhan တစ်ယောက် Wang Yibo ဆီ မရောက်ဖြစ်သေး......
တိုင်းပြည်ရေးရာကိစ္စအ၀၀နှင့်တကွမို့ သတိတရရှိပေမယ့် မရောက်ဖြစ်တာ ဒီနေ့နဲ့ဆို နှစ်ရက်ကြီးများတောင် ရှိပေမည်။
***လွမ်းလိုက်တာ..... Wang Yibo လေးရယ်........***
ဒါ့ကြောင့်မို့ ညီလာခံအပြီး Wang Yibo ကို တည်းခိုင်းထားတဲ့ အဆောင်ဆီ ကြွချီခဲ့လာတော့သည်။
"Xiao ဘုရင်မင်းမြတ် ကြွချီတော်မူလာပါပြီ....."
အထိန်းတော်၏ စကားသံကို ကြားကြားချင်း Wang Yibo လေးမျက်နှာ ပြုံးသွားရသည်။
***အရှင်က ငါ့ကို သတိရသေးတာပဲ......***
Xiao ဘုရင်လည်း အဆောင်ထဲ၀င်သွားတော့ ဆီးကြိုနေရှာတဲ့ Wang Yibo လေး
အစိမ်းရောင် ၀တ်ရုံက နှင်းဖြူရောင်အသားအရေနှင့် လိုက်ဖက်စွာပင်။
အဖြူရောင် ခေါင်းစည်းကြိုးနှင့် လှပနေသော Wang Yibo
" အရှင်.......အရှင်.......ထိုင်တော်မူပါဦး"
မည်မျှကြာအောင် ငေးနေမိသည် မသိ။
Yibo ၏ ချိုသာတဲ့ အသံလေးကြောင့် သတိပြန်၀င်လာခဲ့သည်။
***မင်းကို မြင်တိုင်း ကိုယ့်မှာ အသိစိတ်တွေ ကင်းလွတ်သွားတာမျိုး***
Xiao Zhan လည်း လေသံကို အတတ်နိုင်ဆုံး ထိန်းရင်း
" အွန်း...... ငါကိုယ်တော်မြတ် Wang အိမ်ရှေ့စံရဲ့ လက်ရာ မစားရတာကြာပြီ မဟုတ်လား......ငါကိုယ်တော်မြတ်အတွက် ဒီနေ့နေ့လည်စာ ချက်ပြုတ် တည်ခင်းပေးနိုင်မလား....."
Wang Yibo မျက်နှာလေး ပြုံးရွှင်သွားရသည်။
အရှင်က သူ့လက်ရာကိုလည်း သတိရနေသေးတာပဲ.......Wang Yibo လည်း စားဖိုဆောင်ထဲ၀င်ကာ အရှင် ကြိုက်တတ်တဲ့ ဟင်းလျာများကို ချက်ပြုတ်နေလိုက်သည်။
YOU ARE READING
YOU ARE MY SKY(completed)
Romanceဒါက ကျွန်တော့်ရဲ့ ပထမဆုံး Zhanyi fic ပါ Male author မို့ စာအရေးအသားညံ့ခဲ့သည်ရှိသော် ခွင့်လွှတ်ပေးကြပါရန် ကြိုပြီး တောင်းပန်ပါတယ်။ ဤဇာတ်လမ်း ဇာတ်ကွက်နှင့် အဖြစ်အပျက်များသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေလိုခြင်းမရှိပါကြောင်း တင်ပြအပ်ပါသည်။ ဒါက...