👬Ep 20👬

4.9K 318 13
                                    

Unicode#

အခုတလော ၀မ်လေး အနေအထိုင် ဆင်ခြင်ရသည်။ ကိုယ်၀န်က မွေးဖွားခါနီးလာတာမို့ အစားအသောက်လည်း ဆင်ခြင်ရပြန်သည်။
ညနေပိုင်း အရှင်နဲ့ အတူ ပန်းဥယျာဥ်ထဲ လမ်းလျှောက်ချိန်ဆို ကြည်နူးရသည်။
အရှင်ကလည်း မအားသည့်ကြားမှ ဂရုစိုက်တာမို့ သိပ်စိတ်မပူရ။
Xiao မယ်မယ်ကလည်း ဘုရားကျောင်းမှာ ဆုတောင်းပေးသည်တဲ့.....
ပြီးရင် အထိန်းတော်တွေကလည်း လိုလေသေးမရှိစေရ။
သမားတော် မော်ရှမ်းလီကလည်း ဆေးဝါးအစုံ။
အဲ တစ်ယောက်သော မကြည်ဖြူသူကတော့ ထုံးစံအတိုင်း လန်မိဖုရားပင်
မိမိနှင့် စကားကိုပင် တစ်ခါမှ မပြောဖူးတော့။

"၀မ်လေး......"

အရှင့်ရဲ့ အသံကြားမှ Yibo လည်း သတိပြန်၀င်လာခဲ့သည်။

"ကိုခေါ်တာကြာနေပြီ ၀မ်လေးရဲ့.....ဘာတွေများ ဒီလောက်တောင် တွေးနေတာလဲဟင်....."

"သြော်.....ဘာမှ တော့ မဟုတ်ပါဘူးအရှင်ရယ်.....သားလေးကလည်းမွေးခါနီးပြီဆိုတော့ နာမည်လေး ကြိုစဥ်းစားနေတာ အရှင်ရဲ့.......ပြီးရင် သားလေးအတွက် အ၀တ်လေးတွေ ချုပ်ပေးဖို့ စဥ်းစားနေတာ......"

"ကိုက ဘာများလဲလို့ ၀မ်လေးရယ်.....၀မ်လေးနော်......အခု သားတော်က မွေးသေးတာမဟုတ်ဘူး......ဘေးနားက ကို့ကိုတောင် ဂရုမစိုက်တော့ဘူး....."

"အရှင်ကလည်း .....၀မ်လေးက ဂရုစိုက်ပါတယ်....."
ဟူသော စကားသံအဆုံးနှင့်အတူ ပါးပြင်ထက်ကျရောက်လာသော Yibo ရဲ့ အနမ်းတစ်ပွင့်

Xiao Zhan လည်း Yibo ရဲ့ ပါးလေးကို ဆွဲဖြစ်လိုက်ရင်း

"၀မ်လေးကတော့လေ.....ကို့ကို စိတ်ဆိုးခွင့်ကို မပေးဘူး....."

"ဒါနဲ့ အရှင်ကကော ကျွန်တော်မျိုးကို ချစ်ကောချစ်လို့လား......"

"ဟောဗျာ.....ချစ်လို့ပဲ ဒီဗိုက်လေးပူလာတာမဟုတ်ဘူးလား...."

Xiao Zhan က ဗိုက်လေးကို ပွတ်ကာ ပြောလိုက်တော့.....

"ဟာဗျာ.....အရှင်ကလည်း ဒီကအတည်မေးနေတာကို...."

"ဟုတ်ပါပြီ......ကို ၀မ်လေးကို မနေ့ကထက် ပိုချစ်တယ် ဒီစကားကို ကို မနက်ဖြန်မှာ ထပ်ပြောမယ် ......"

YOU ARE MY SKY(completed)Where stories live. Discover now