👬Ep 19👬

4.7K 302 12
                                    

#unicode

အချိန်တစ်လဆိုတာ သိပ်ပြီးမကြာခဲ့သလို Wan မင်းကြီးရဲ့ အခြေအနေက ပိုပြီးသာ ဆိုးလာခဲ့သည်။

Yibo ရော ၀မ်မယ်မယ်ရော သေချာဂရုတစိုက်ပြုစုကုသပေမယ့် အခြေအနေက ထူးမလာခဲ့။

၀မ်မင်းကြီးရဲ့ နောက်ဆုံးအခြေအနေနားကို နီးကပ်လာတာမို့ Yibo ရော ၀မ်မယ်မယ်ပါ စိတ်သောကရောက်ရသည်။

၀မ်မင်းကြီးကလည်း သူ့ကိုယ်သူသိသည် ထင်မိသည်။ Yibo ဆီက Wan နိုင်ငံကို ထိန်းသိမ်းပါမယ်ဆိုတဲ့ ကတိကို အထပ်ထပ်အခါခါတောင်းနေသည်။

Xiao Zhan ကို Yibo ပြောကြည့်ပေမယ့် Xiao Zhan က Yibo ကို အနားမှာပဲ ရှိစေချင်တာမို့ ခွင့်မပြုတာကြောင့် Yibo ခမျာ လမ်းလယ်ကိုရောက်နေသလို ဘာလုပ်လို့ လုပ်ရမှန်းမသိတော့....

နောက်ဆုံး ဆုံးဖြတ်မိသည်က အရှင် သူ့ကို မုန်းတီးစေရန်သာ

ဟုတ်သည်။
အရှင်သာ သူ့ကို မုန်းသွားလျှင် အရှင်က သူ့ကိုအနားမှာ ခေါ်ထားမှာလည်းမဟုတ်သလို လန်မိဖုရားလည်း အရှင်နဲ့ အတူ ပျော်ရွှင်စွာနေရနိုင်မည်။
ပြီးရင် ၀မ်နိုင်ငံကို လာသိမ်းရင်လည်း ခုခံတိုက်ရုံသာ........
ပြီးရင်...နိုင်ရင်လည်း အမြတ်ပေါ့
မနိုင်လို့ ရှုံးရင်လည်း ဘယ်တတ်နိုင်ပါ့မလဲ

🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹

"၀မ်လေး.....၀မ်နိုင်ငံက ပြန်ရောက်ပြီးကတည်းက ကိုယ့်ကို ရှောင်နေတာနော်......"

"မဟုတ်ပါဘူး......ကိုယ်၀န်က နည်းနည်းလရင့်လာတော့ ဘာမှ သိပ်လှုပ်လှုပ်ရှားရှား မလုပ်ချင်တာရယ်......ခမည်းတော်ရဲ့ကျန်းမာရေးရယ်ကြောင့်ပါ......."

"ကိုယ်နားလည်ပါတယ် ၀မ်လေးရယ်....."

"၀မ်လေး.....ကို့ကို တောင်းဆိုစရာ တစ်ခုရှိတယ်......"

"၀မ်ဘုရင် လုပ်ချင်ပါတယ်ဆိုပြီး တောင်းဆိုတာက လွဲရင် ကြိုက်တာပြောလို့ရတယ်...."

"ဒါပေမယ့်..အရှင်ရယ်....ခမည်းတော် စိတ်ချမ်းသာအောင် ခွင့်ပြုပေးလို့ မရဘူးလား........."

"၀မ်လေးရယ်......၀မ်လေးသာ ၀မ်ဘုရင်ဖြစ်ရင် ကိုယ်တို့ ဝေးနေရမှာလေ......ပြီးတော့ ကိုယ်၀န်ကလည်း လရင့်နေပြီလေ..."

YOU ARE MY SKY(completed)Where stories live. Discover now