Unicode#
နေအတော်မြင့်နေပြီဖြစ်ပေမယ့် Kan ရောက်မလာသေးတာကြောင့် Xiao Zhan ဖုန်းဆက်လိုက်တော့ လမ်းမှာလာနေပြီဆိုလို့ စိတ်အေးလိုက်ရသည်။
"ကိုကို....... ဘာတွေ ဖင်တကြွကြွဖြစ်နေတာလဲ....."
Yibo ကမေးတော့ Xiao Zhan သွားကြီးဖြီးကာ
"ဘာမှ မဟုတ်ဘူး ကလေး......"
"ပြီးရော...... ကျွန်တော် ခဏ မှေးလိုက်ဦးမယ်....... "
"omm ကလေး....... ကိုကို အိမ်ကို သန့်ရှင်းရေး လုပ်လိုက်ဦးမယ်...."
"ဟုတ်....."
ခေါင်းလေးငြိမ့်လို့ အိမ်ပေါ်ကို ပြေးတက်သွားတဲ့ ကိုယ့်ချစ်သူကို ငေးရင်း သဘောကျစွာ ပြုံးလိုက်သည်။
ဒီနေ့ သူ့မွေးနေ့ဆိုတာကို သူမေ့နေတာများလား
Xiao Zhan တွေးရင်းဖြင့်ပင် အိမ်အောက်ထပ် ဧည့်ခန်းကို သန့်ရှင်းရေး လုပ်လိုက်သည်။
ခဏနေတော့ အိမ်ရှေ့က ကားသံကြားတာမို့ ထွက်ကြည့်လိုက်တော့ Kan နဲ့ Si Tu Fang
Si Tu Fang ကို သေချာကြည့်ကြည့်တော့ ခါးလေးထော့နဲ့ ထော့နဲ့ နဲ့မို့ Xiao Zhan လည်း Kan နားလေးကပ်ကာ တိုးတိုးလေးပြောလိုက်သည်။
"မင်းကွာ...... ဒီကိုလာခါနီးကို......."
"ငါလည်း မနေနိုင်လို့ဟာကို ငါ့ကောင်လေးက ခန္ဓာကိုယ်အချိုးအစား ပြေပြစ်လွန်းတာကိုး....."
"ဟျောင့်..... ငါ့ Yibo ကမှ ပိုမိုက်တာကွ"
"ဟျောင့် ငါ့ Fang လေးက ပိုမိုက်တာကွ....."
Fang လည်း နားငြီးလာတာမို့
"ကဲ...... တော်ကြပါတော့.....ဘယ်သူမှ ပိုမမိုက်ဘူး အတူတူပဲ....."
ထိုစဥ် အိမ်ပေါ်ထပ်မှ ဆင်းလာသည့် Yibo
"ကလေး.... နိုးသွားတာလား......"
Xiao Zhan မျက်နှာကြီးဖြီးကာ မေးလိုက်တော့ Yibo နှုတ်ခမ်းကြီးစူကာ
"ကိုကိုက အသံကျယ်ကြီးနဲ့ပြောနေတော့ ကျွန်တော်နိုးသွားတာပေါ့လို့...."
"ကိုတောင်းပန်ပါတယ်..... ဒီကောင် Kan ပေါ့ သူ့ Fang က ပိုမိုက်တယ် ပြောလို့ ကိုက မခံချင်စိတ်နဲ့ ပြောတာ ဟုတ်တယ်မလား ကို့ Yibo လေးက ပိုချစ်စရာကောင်းတာကို...."
YOU ARE READING
YOU ARE MY SKY(completed)
Romanceဒါက ကျွန်တော့်ရဲ့ ပထမဆုံး Zhanyi fic ပါ Male author မို့ စာအရေးအသားညံ့ခဲ့သည်ရှိသော် ခွင့်လွှတ်ပေးကြပါရန် ကြိုပြီး တောင်းပန်ပါတယ်။ ဤဇာတ်လမ်း ဇာတ်ကွက်နှင့် အဖြစ်အပျက်များသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေလိုခြင်းမရှိပါကြောင်း တင်ပြအပ်ပါသည်။ ဒါက...