Unicode#
"ကလေး ဒီနေ့ ကျောင်းမာ ရန်ဖြစ်လာတယ်ဆို.......တစ်ခုခု ထိခိုက်မိတာ ရှိသေးလား..."
Xiao Zhan စိတ်ပူပူနဲ့ မေးလိုက်ပေမယ့် Yibo ကတော့ အေးဆေးပင်.....
"ကိုကိုကလည်း သူတို့က လာစလို့ နဲနဲဖြဲရုံပါ...... ထိုးကြိတ်နေတာမှ မဟုတ်တာ....."
Xiao Zhan စိတ်အေးသွားရသည်။
မိမိကလေးလေးက အထက်တန်းနောက်ဆုံးနှစ်ပြီးရင် ဆေးပညာသင်မယ့်ကလေး
ဟိုကောင်တွေက ကလေကချေ"omm pr..... ကိုကို့ ကလေးလေးက ဆရာ၀န်ကြီး လုပ်ရမာလေ..... ဆိုးပေနေလို့ မဖြစ်ဘူး ဟုတ်ပြီလား....."
"ဟုတ်......."
Xiao Zhan Yibo ကို တင်းကျပ်စွာ ဖက်ထားရင်း......
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
နေ့ရက်တို့က အလီလီ ကူးပောင်းလာသည်။
Yibo ရဲ့ final exam ဖြေဖို့ နီးလာတာမို့ Xiao Zhan လည်း အလုပ်ကို Kan နဲ့သာ လွှဲထားရင်း Yibo ကို ဂရုစိုက်ရသည်။
ကျောင်းက ပိတ်ထားတာမို့ Yibo အိမ်မှာပဲ စာကြည့်ရသည်။
ကျောင်းက မေးခွန်းဟောင်းတွေကို ပြန်ကြည့်လို့ နားမလည်လျှင် Xiao Zhan ကို မေးလိုက်ရုံသာ
Xiao Zhan ကလည်း အလုပ်ကို အိမ်မာသာ လုပ်ရင်း မိမိကလေးလေး စားဖို့ ပြင်ရဆင်ရသည်။
သူကြိုက်တတ်တဲ့ မုန့်တွေ ၀ယ်ထားရသည်။
Yibo ကြိုက်သော ဟင်းတွေ ချက်ထားလေ့ရှိသည်။
Yibo ကို စာလုပ်ဖို့ပဲ ပြောပြီး အကုန်လုံး Xiao Zhan ကချည်း သိမ်းကြုံးလုပ်သွားတာမို့ Yibo အားနာလာရသည်။
"ကိုကို...... နားပါဦးလား.... ကျနော့်ဖို့ ချည်း လုပ်မနေပါနဲ့...... ကိုကို ပင်ပန်းနေတာကို ကျနော် မကြည့်ရက်ဘူး....."
Xiao Zhan နဖူးက ချွေးတွေကို Yibo တဘက်နဲ့ အသာအယာ သုတ်ပေးလိုက်တော့ Xiao Zhan မျက်နှာလေး ရွှင်လာကာ
"ကိုကို့ ကလေးလေးအတွက်ပဲကွာ..... ကိုက မပင်ပန်းပါဘူး..... ကလေးသာ စာသေချာလုပ်......မသိတာရှိရင် ကိုကို့ကို မေးနော် ဟုတ်ပြီလား....."
"ဟုတ် ကိုကို....."
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
စာမေးပွဲတွေ ဖြေပြီးလို့ ကျောင်းထဲက Yibo ထွက်လာချိန် ပြသနာကောင်တွေကို တွေ့လိုက်ရသည်။
YOU ARE READING
YOU ARE MY SKY(completed)
Storie d'amoreဒါက ကျွန်တော့်ရဲ့ ပထမဆုံး Zhanyi fic ပါ Male author မို့ စာအရေးအသားညံ့ခဲ့သည်ရှိသော် ခွင့်လွှတ်ပေးကြပါရန် ကြိုပြီး တောင်းပန်ပါတယ်။ ဤဇာတ်လမ်း ဇာတ်ကွက်နှင့် အဖြစ်အပျက်များသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေလိုခြင်းမရှိပါကြောင်း တင်ပြအပ်ပါသည်။ ဒါက...