Unicode#
Xiao Zhan တစ်ယောက် နန်းတော်ကိုပြန်ရောက်ရောက်ချင်း မယ်မယ်ဘုရားဆီ တန်းပြီးသွားလိုက်သည်။
"မယ်မယ်.....Xiao အရှင်ပြန်ရောက်ပါပြီ..."
ဒီသတင်းကို Xiao မယ်မယ်ကြားတော့ နန်းဆောင်ထဲက ချက်ချင်းထွက်ပြီး အပြင်ထွက်ကြိုမယ်အလုပ် တံခါး၀ကို Xiao Zhan က ရောက်နှင့်နေတာမို့ Xiao Zhan ကို အပြေးလေး သိုင်းဖက်လိုက်သည်။
"သားတော်ရယ်....မယ်မယ့်မှာ စိတ်ပူနေလိုက်ရတာ.....ဘေးကင်းစွာ ပြန်ရောက်လာလို့ တော်သေးတာပေါ့......"
"ဒါက မယ်မယ်ကြောင့်လေ......မယ်မယ်က နန်းဆောင်ကနေ သားတော် ဘေးကင်းအောင် ဆုတောင်းပေးလို့ပေါ့......."
"အမယ်လေး......မယ်မယ့်ကို ချွဲပြနေတာကြည့်စမ်း........စကားတော်တော်တတ်နေတဲ့ သားတော်လေး....."
"မယ်မယ်......သားအခုချက်ချင်း ညီလာခံ ကျင်းပစရာရှိတယ်......အရမ်းအရေးကြီးတယ် မယ်မယ်ရဲ့...သားတော် လမ်းမှာ လုပ်ကြံခံခဲ့ရတယ်......လူငယ်လေးနှစ်ယောက်က ကယ်ခဲ့ပေးလို့ပေါ့...."
"ဟုတ်လား....သားတော်ရယ်....တော်သေးတာပေါ့ မသေကောင်းမပျောက်ကောင်း......."
"သားတော် ညီလာခံ ကျင်းပဖို့ ဆင့်ခေါ်ခိုင်းလိုက်ဦးမယ်.....မယ်မယ်....."
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
ညီလာခင်သဘင်၌......
"မင်းကြီးကြွချီလာပါပြီ...."
"မင်းကြီး....ကျန်းမာပါစေ.......သက်တော်ရာကျော်ရှည်ပါစေ...."
လို့ နှုတ်ဆက်ကျတော့ Xiao Zhan က နှုတ်မှ တီးတိုးစွာဖြင့်.....
**ပါးစပ်က ကျန်းမာပါစေ စိတ်ထဲက မြန်မြန်သေပါစေ ဖြစ်နေတာ မသိတာကျနေတာပဲ....**
အမတ်ချုပ်ကြီးကစ၍
"အရှင်....ကျွန်တော်မျိုးတို့ကို ရုတ်တရက် ညီလာခံဆင့်ခေါ်ရတာ ဘာ့ကြောင့်များလဲ အရှင်......"
YOU ARE READING
YOU ARE MY SKY(completed)
Romanceဒါက ကျွန်တော့်ရဲ့ ပထမဆုံး Zhanyi fic ပါ Male author မို့ စာအရေးအသားညံ့ခဲ့သည်ရှိသော် ခွင့်လွှတ်ပေးကြပါရန် ကြိုပြီး တောင်းပန်ပါတယ်။ ဤဇာတ်လမ်း ဇာတ်ကွက်နှင့် အဖြစ်အပျက်များသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေလိုခြင်းမရှိပါကြောင်း တင်ပြအပ်ပါသည်။ ဒါက...